Trending Now

ဗန်းမော်မြို့တွင် ကျပ်ငွေ ၁၅၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့တွင် ကျပ်ငွေ ၁၅၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇူလှိုင် ၁၂

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် ဇူလှိုင် ၁၀ နေ့ ညနေပိုင်က အမျိုးသားတစ်ဦးထံမှ ကျပ်ငွေ ၁၅၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

“ဇူလိုင်လ ၁၁ ရက် ညနေ ၆ နာရီခွဲလောက်က စီဟဲကျေးရွာနားမှာ လာလီဆိုတဲ့လူမောင်းလာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရှာဖွေခဲ့တာ အဲဒီမှာ သူ့ ဆိုင်ကယ်တူးဘောက်ထဲက စိတ်ကြွဆေးပြား ၇၀၆၅ ပြားကို သိမ်းဆည်းနိုင်ခဲ့တာပါ။” ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၅ ပြား သည် ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၂ သိန်း ခန့်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ လာလီ (၄၇)နှစ်အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။