Trending Now

ပြင်သစ်မှာ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦးသေဆုံးခဲ့ပြီး အဓိကရုဏ်တွေဖြစ်ပွားနေ

Spread the love

ပြင်သစ်မှာ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦးသေဆုံးခဲ့ပြီး အဓိကရုဏ်တွေဖြစ်ပွားနေ

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

ပြင်သစ်နိုင်ငံ ပါရီမြို့က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ရဲတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

လူငယ်သေဆုံးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် ပြင်သစ်အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကျက်ချထားခဲ့ပြီး ယမန်နေ့က ပါရီမြို့မှာ ဆူပူအုံကြွမှုတွေထပ်မံဖြစ်ပွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား တစ်ညတာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁၅၀ ကို ဖမ်းဆီးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

မြို့တော်ခန်းမတွေ၊ ကျောင်းတွေနဲ့ ရဲစခန်းတွေကို မီးရှို့တိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ တရားမျှတမှုမရှိဘူးလို့ ပြစ်သစ်သမ္မတ မက်ခရွန်းက ပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် Nahel M. ဆိုတဲ့ ပို့ဆောင်ရေးယာဉ်မောင်း အမျိုးသားဟာ အင်္ဂါနေ့မနက်ပိုင်းက ပဲရစ်မြို့ ဆင်ခြေဖုံးရပ်ကွက်မှာ ရင်ဘတ်ကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

လူမှုကွန်ရက်မှာပြန့်နေတဲ့ ဗီဒီယိုဖိုင်အရ ကားမောင်းလာတဲ့ လူငယ်တစ်ဦးဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို မခံယူပဲ ကားကို မောင်းနှင်ထွက်ပြေးတာကြောင့် ရဲအရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးသမား Kylian Mbappe နဲ့ သရုပ်ဆောင် Omar Sy အပါအဝင် ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေက အဆိုပါဖြစ်ရပ်အတွက် သူတို့ရဲ့ ဝမ်းနည်းမှုနဲ့ ဒေသကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး တရားမျှတမှုရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ရဲအရာရှိကို ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ရှိအချိန်မှာ ဆန္ဒအလျောက် လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Ref; DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။