Trending Now

ပုသိမ်မြို့တွင် Mytel ရုံးဗုံးပေါက်ကွဲမှုနှင့် ပတ်သက် သည်ဟုဆိုကာ လူငယ် ၃ ဦးဖမ်းဆီးခံရ

Spread the love

ပုသိမ်မြို့တွင် Mytel ရုံးဗုံးပေါက်ကွဲမှုနှင့် ပတ်သက် သည်ဟုဆိုကာ လူငယ် ၃ ဦးဖမ်းဆီးခံရ

EPN
ပုသိမ် ၊ အောက်တိုဘာ ၊ ၄

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် အောက်တိုဘာ၂ ရက် ညပိုင်းက Mytel ရုံးဗုံးခွဲတိုက် ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်သည်ဟုဆိုကာ ဒေသခံ လူငယ် ၃ ဦးကို သက်ဆိုင်ရာ အောက်တိုဘာ ၃ ရက် ညနေပိုင်းကဖမ်းဆီးလိုက်ကြောင်းသိရသည်။

ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ကမ်းနားလမ်းရှိအဆင့်မြင့် ကုန်စည်ဒိုင်အဆောက်အဦအနီးက Mytel ဆက်သွယ် ရေးရုံးရှေ့တွင် အောက်တိုဘာ ၂ ရက်၊ ည ၈ နာရီ ဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကို ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့နှင့် ကန်ကြီးထောင့်ပကအဖွဲ့တို့က ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုထားသည်။

ယင်းနောက် အဆိုပါဖြစ်ဉ်နှင့်ပတ်သက်ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ အင်အား ၂၀ ခန့်က ဒေသခံ လူငယ် ကိုထက်မြတ်အောင် ဆိုသူအပါအဝင် လူငယ် ၃ ဦးကို Mytel ဗုံးခွဲတိုက်ခိုက် ခံရသည့်ဖြစ်စဉ် နှင့် ပတ်သက်သည်ဟု ဆိုကာဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“စစ်တပ်နဲ့ ရဲတွေလာဖမ်းတာ မနေ့က ၊ အဖမ်းခံရတာက လူငယ်တွေ မိုက်တဲရုံး ဗုံးခွဲခံရတာနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းတာ၊ အဖမ်းခံရ လူငယ် နှစ်ယောက်က မိုက်တဲ ရုံးအနီးက နောက် တစ်ယောက်က အမှတ် ၆ ရပ်ကွက်က ၊ထစ်ခနဲဆို ဒေသခံတွေကို ဖမ်းမယ်ဆိုတာပဲ ၊တစ်ခါမှ စိတ်မလုံခြုံဘူးနေရတာ ။”လို့ ၎င်းကပြောသည်။

ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်ကြောင့် Mytel ရုံးအရှေ့ပိုင်း မျက်နှာစာ အနည်းငယ် ထိခိုက်ပျက်စီးသွားပြီးလူထိခိုက် မှုမရှိကြောင်းသိရပြီး Mytel ရုံး အနီး နေအိမ်များနှင့် လမ်းများကို ပိတ်ဆို့ကာ စစ်ဆေးနေကြောင်းသိရသည်။

”အိမ်တွေထဲလည်း စစ်တယ် ၊ အခုမနက်မှာလည်း လမ်း တွေမှာ ပိတ်စစ်နေတယ် ၊ ဖုန်းတွေ လက်ကိုင်အိတ်တွေ ကို အဓိက စစ်တာ ၊ ဆိုင်ကယ်တွေဆိုရင် တူးဘောက် တွေထဲအထိ သေချာဖွင့်စစ်တာ ၊ ဗုံးခွဲတဲ့သူက တူဘောက်ထဲ ဝင်နေမှာကျနေတာပဲ စစ်ဆေးနေတာ ၊ အလုပ်ကို အိမ်က ထွကလာတာ မနက် ၇ နာရီ အလုပ်ရောက်တော့ ၁၀ ခွဲ သွားတယ် ။”ဟု ပုသိမ်မြို့ခံဝန်ထမ်းတစ်ဦးကပြောသည်။

ပုသိမ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယ ပတ်အတွင်းကလည်း ရဲဝန်ထမ်း အိမ်ရာရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ပြည်တွင်း အခွန်များဦးစီးရုံးလည်း ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရသေးကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။