Trending Now

ဘင်္ဂလားဒေ့ရှ် တံငါသည် မိုးကြိုးပစ်ခံရ၍ သေဆုံး

Spread the love

ဘင်္ဂလားဒေ့ရှ် တံငါသည် မိုးကြိုးပစ်ခံရ၍ သေဆုံး

EPN
နိုင်ငံတကာ၊ မေ ၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နက်ထရာကိုနားပြည်နယ် မိုဟန်ဂန်ဂျန်ဂျီလာတွင် ယမန်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်မှုကြောင့် ငါးဖမ်းသမားတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ နက်ထရာကိုနားပြည်နယ်ရှိ ဘာရန်ရွာမှ အသက် ၃၀ နှစ်အရွယ် ဆုမွန်ဘမ်းဆိုသူ ဖြစ်ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် သူ၏အိမ်နီးချင်း ရူဘယ်ဘမ်းနှင့်အတူ ဒေသရေကန်တစ်ခုအတွင်း နနံနက် ၉ နာရီအချိန်က ငါးဖမ်းနေစဉ် ဒဏ်ရာရာရှိခဲ့သည်ဟု မိုဟန်ဂန်ဂျန်ဂျီလာ ရဲစခန်းတာဝန်ခံ ရာဖယ်လ် ကပြောသည်။

သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေရာ အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သဘာဝအတိုင်း သေဆုံးမှုအား ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ref; DS

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။