Trending Now

မြစ်ကြီးနားတွင် ကျရိပ်ပြခဲ့သည့် စက်သုံးဆီဈေးနှုန်း တစ်လီတာ ၁၉၅၀ ကျပ်သို့ ပြန်လည်မြင့်တက်

Spread the love

မြစ်ကြီးနားတွင် ကျရိပ်ပြခဲ့သည့် စက်သုံးဆီဈေးနှုန်း တစ်လီတာ ၁၉၅၀ ကျပ်သို့ ပြန်လည်မြင့်တက်

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၉

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း 92 တစ်လီတာ ၁၇၅၀ အထိ ကျရိပ်ပြခဲ့သည့် စက်သုံးဆီဈေးနှုန်းမှာ ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ၁၉၅၀ အထိ ပြန်လည်မြင့်တက်လာကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံများထံမှ သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ယနေ့အတွက် သတ်မှတ်ထားသည့် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာ ၁၉၅၀ ကျပ်၊ 95 တစ်လီတာ ၂၀၁၅ ကျပ် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ယင်းဈေးနှုန်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းထက် ၂၀၀ နီးပါး ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်း မငြိမ်မသက်ဖြစ်နေခြင်းကြောင့် လုပ်ငန်းရှင်များအပါအဝင် စက်သုံးဆီ ကို အမှီပြုလုပ်ကိုင်နေရသည့် လုပ်ငန်းများတွင် အခက်အခဲရှိနေကြောင်း လုပ်ငန်းရှင်းများထံမှ သိရသည်။

“စက်သုံးဆီဈေးနှုန်းက အခုပြန်တက်တယ် နောက်နေ့ကျ ၃၀၀ လောက်ပြန်ကျချင်ကျတယ် ပြီးရင် ၂၀၀ လောက်ပြန်တက်ချင်တက်တယ် ဒီလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ဆီပန့်ဆိုင်ငယ်တွေလည်း တိုင်ပတ်တယ်၊ စက်သုံးဆီကိုမှီခိုပြီးလုပ်နေရတဲ့ သူတွေအများစုလည်း အခက်အခဲတွေဖြစ်တာပေါ့”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းမှာ ပြင်ပတွင်ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးအပြောင်းအလဲဂယက်များကြောင့် ဖြစ်နိုင်ကြောင်း မြိုခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဒေါ်လာဈေးသတ်မှတ်ထားတာက ၁၈၅၀ ကျပ် ဆိုပေမယ့် ဒီနေ့ အပြင်မှာ ပေါက်တဲ့ဒေါ်လာဈေးနှုန်းက ၂၈၀၀ လောက်ဖြစ်နေတာရယ် လုပ်ငန်းရှင်တွေကို ဒေါ်လာထုတ်မရောင်းတော့တာတွေကြောင့် ဒေါ်လာငွေနဲ့ရှင်းရမယ်လုပ်ငန်းရှင်တွေအနေနဲ့ ပြင်ပက ဒေါ်လာကို ဗဟိုဘဏ်ရည်ညွှန်းဈေးထက် ဈေးကြီးပေးပြီး လိုက် ဝယ်ယူနေရတဲ့အတွက် စက်သုံးဆီဈေးနှုန်းတွေလည်း ပြန်မြင့်လာတယ်လို့ ထင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သယ်ယူပို့ဆောင်ခ နှုန်းထားများကို မြင့်တက်လာသလို အထွေထွေကုန်ဈေးနှုန်းများ၏ ဈေးနှုန်းမှာလည်း ထက်မံမြင့်တက်လာနိုင်သည့်အတွက် ဝင်ငွေနည်းပါးသည့် အခြေခံပြည်သူများအပေါ်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း မြို့ခံများထံမှ သိရသည်။

အံ့ဘုန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။