Trending Now

KIA/PDF ပူးပေါင်းအဖွဲ့က ဗန်းမောက်မြို့နယ် မံလူဒေသစိတ်အတွင်းက ပြည်သူတွေကို စပါးတင်းလေးထောင်ခန့် ပေးသွင်းဖို့ အတင်းအဓမ္မ တောင်းနေ

Spread the love

KIA/PDF ပူးပေါင်းအဖွဲ့က ဗန်းမောက်မြို့နယ် မံလူဒေသစိတ်အတွင်းက ပြည်သူတွေကို စပါးတင်းလေးထောင်ခန့် ပေးသွင်းဖို့ အတင်းအဓမ္မ တောင်းနေ

EPN
ဗန်းမောက်မြို့၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံလူဒေသစိတ်အတွင်းရှိ ကျေးရွာများက ပြည်သူများကို စပါးတင်း လေးထောင်ခန့်စုပေါင်းပြီး ပေးသွင်းကြရန် KIA/PDF ပူးပေါင်းအဖွဲ့ က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မံလူကျေးရွာအုပ်စု ကြောင်လည်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အစည်းဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။

အစစအရာရာ ခက်ခဲကျပ်တည်းနေသည့် အချိန် ကာလအတွင်း၌ KIA၊ PDF ပူးပေါင်း လက်နက်ကိုင်အဖွဲ့မှ ယခုကဲ့သို့ ဒေသခံ ပြည်သူများအား စပါး တင်းလေးထောင်စုပေါင်း ပေးဆောင်ကြရန် ပြောဆိုထားသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် အခက်အခဲ ကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရကြောင်း ကြောင်လည်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ကို ၁၄ ရက်နေ့က အစည်းအဝေး ခေါ်တယ်၊ ရွာသူရွာသားတွေကိုပေါ့ ကျနော်တို့လည်း ကြောက်လို့ သွားရတယ်၊ အဲ့မှာ လက်နက်ကိုင်အဖွဲ့က သူ့တို့ ရိက္ခာအတွက် စပါးတင်းလေးထောင်ကို အားလုံးပေါင်းပြီးတော့ ပေးရမယ်၊ မပေးရင် ရွာတွေကို ဘာလုပ်မလဲတော့ မသိဘူး အားလုံးက ခက်ခဲနေကြတာ ဒီနှစ်က စပါးလည်း ကောင်းကောင်း မစိုက်ဖြစ်ဘူး စစ်ဘေးစစ်ဒဏ်တွေလည်း ပါတယ် တချို့ လယ်ယာစိုက်ဖို့မရဘူး ” ဟု ပင်ပုံကျေးရွာ အုပ်စုမှ ပြည်သူ တစ်ဦးကဆိုသည်။

ထို့အပြင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဆန်၊ စပါးများကို ရောင်းချမည်ဆိုပါက ကျေးရွာပြင်ပ ရောင်းချခြင်းခွင့်မရှိပဲ ၎င်းတို့ထံသာ ရောင်းချရမည်ဆိုသည့် အမိန့်ပေးထားသည့်အပြင် စပါးစျေးများကို အပြင်ပေါက်စျေး မပေးပဲ စပါး တစ်တင်းလျှင်ခြောက်ထောင်စျေးဖြင့် ဝယ်ယူမှု ပြုလုပ်နေကြောင်း ယခုလက်ရှိ စပါးပေါက်စျေးမှာ တစ်သောင်းနှစ်ထောင်အထိ ပေါက်နေသော်လည်း ၎င်းတို့မှ ခြိမ်းခြောက်ဝယ်ယူနေသည့် အတွက် ဒေသခံပြည်သူများ ကြောက်လှန့်ကာ ရောင်းချပေးနေရကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် အတွင်းက ကျေးရွာ အုပ်စုများကို KIA/PDFပူးပေါင်းအဖွဲ့ က မံလူဒေသစိတ် အုပ်စုအလိုက် ခွဲတမ်းကျ စပါးများ ပေးဆောင်ရန် သတ်မှတ်သော နှုန်းထားမှာ မံလူအုပ်စုတွင် ပင်းခါးကျေးရွာ စပါး( ၅၀၀) တင်း၊ ကြောင်လည်ကျေးရွာ (၆၀၀) တင်း၊ နားပင်ကျေးရွာ (၃၀၀) တင်း၊ မံလူကျေးရွာ ( ၆၀၀) တင်း၊ ပါထွန်ကျေးရွာ (၅၀၀) တင်း၊ ကန်ကြီးကုန်းကျေးရွာ (၃၀၀) တင်း၊ ပင်ပုံအုပ်စုတွင် (၁၀၀၀) တင်း စုစုပေါင်း ၃၈၀၀ တင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ပိုင်းက KIA၊ PDF ပူးပေါင်းအဖွဲ့တို့သည် ရှမ်းလူမျိုးအများဆုံး နေထိုင်ကြသည့် ဗန်းမောက်မြို့နယ်အတွင်းသို့ ဝင်ရောက်ကာ လူသစ်စုဆောင်းခြင်း၊ ဘုန်းတော်ကြီးတို့အား ဒလန်သတင်းပေးဟုဆိုကာ စွတ်စွဲ သတ်ဖြတ်ခြင်း၊ ရှမ်းယဉ်ကျေးမှုဗဟိုကော်မတီအဖွဲ့ဝင်များကိုလည်း ဖမ်းဆီး သတ်ဖြတ်မှုများစွာ ပြုလုပ်ခဲ့သည့်အပြင် တိုက်ပွဲများ ဖော်ဆောင်ကာ မြို့နယ် ပျက်သုဉ်းရေးကို လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။