Trending Now

လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းကို အခွန်ကင်းလွတ်ခွင့်ပြု

Spread the love

လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းကို အခွန်ကင်းလွတ်ခွင့်ပြု

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံအတွင်း သို ပြည်ပ မှ တင်သွင်းမည့် လျှပ်စစ်သုံး ယာဥ်များကို အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နို၀င်ဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ် လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ၏ ဆုံးဖြတ်ချက်ဖြင့် လျှပ်စစ်သုံး မော်တော်ယာဥ်များ တင်သွင်းခြင်းကို သုညရာခိုင်နှုန်းသို အကောက်ခွန်နှုန်း လျှော့ချသတ် မှတ် လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အကောက်ခွန်နှုန်း လျှော့ချသတ်မှတ်လိုက်သည့် လျှပ်စစ်သုံး မော်တော ယာဉ်ကား အမျိုးအစားများမှာ လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲ ဆွဲသည့် ယာဉ်၊ ယာဉ်မောင်း အပါအဝင် ၁၀ ဦး သိုမဟုတ် ၁၀ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည် တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးတပ်ယာဉ် တိုဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်းနှင့် ယာဥ်များကို အားသွင်းမည့် နေရာများ တည်ဆောက်ထားမှု မရှိသေးခြင်းတိုကြောင့် အခက်အခဲများဖြင့် ပထမဆုံး ကြုံတွေ့ရနိုင်ကြောင်း နှင့် ထိုအခြေအနေကိုဖြေရှင်းပေးနိုင်ပါက လျှပ်စစ်သုံးမော်တော်ယာဥ် အသုံးပြုမှု ပိုမိုးများပြားလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။