Trending Now

ဂျပန်နိုင်ငံတွင် နှစ် ၃၀ ကြာပြီးနောက် ဝေလငါးဖမ်းဆီးမှု ပြန်လည်စတင်

Spread the love

ဂျပန်နိုင်ငံတွင် နှစ် ၃၀ ကြာပြီးနောက် ဝေလငါးဖမ်းဆီးမှု ပြန်လည်စတင်

EPN နိုင်ငံတကာ၊ ဇူလိုင် ၂ 

ဂျပန်နိုင်ငံဟာ နှစ် ၃၀ ကြာရပ်ဆိုင်းထားတဲ့ စီးပွားရေးအရ ဝေလငါးဖမ်းတဲ့အလုပ်ကို ပြန်လည်စတင် လုပ်ကိုင်နေပြီဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံက ဝေလငါးဖမ်းလှေငယ်တစ်စီးဟာ သူတို့ရဲ့ ပထမဦးဆုံး ဝေလ ငါးကို ဖမ်းမိခဲ့ပါတယ်။ ဝေလငါးဖမ်းလှေတွေဟာ အခုနှစ်အတွင်း ဂျပန်ရေပြင်ပိုင်နက်မှာ ဝေလ ၂၂၇ ကောင်ကို ဖမ်းဖို့ ခွင့်ပြုချက်ရထားပါတယ်။ ဂျပန်နိုင်ငံမှာ စီးပွားရေးအရ ဝေလငါးဖမ်းတာကို နောက်ဆုံး ခွင့်ပြုပေးခဲ့တာ ၁၉၈၆ ခုနှစ်က ဖြစ်ပါ တယ်။ 

အဲဒီနောက်ပိုင်း ဝေလငါးတွေကို ဆက်လက်ဖမ်းဆီး မှုရှိခဲ့ပေမယ့် သုတေသနပြုလုပ်ဖို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။ 

ဂျပန်နိုင်ငံဟာ အခုဆိုရင် နိုင်ငံတကာ ဝေလငါးကော်မရှင် (IWC) က နုတ်ထွက်ခဲ့ပြီဖြစ်လို့ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆက်လက်လိုက်နာစရာမလိုတော့ပါ ဘူး။ 

IWC အဖွဲ့ဝင်နိုင်ငံတွေဟာ ဝေလငါးဖမ်းဆီးမှုကို ထိထိ ရောက်ရောက်ဟန့်တားဖို့ သဘောတူညီ ထားကြပြီး ဂျပန်နိုင်ငံကတော့ ဝေလငါးတွေကို သင့်လျော်တဲ့ အခြေအနေမှာ ဖမ်းဆီး နိုင်တယ်လို့ ငြင်းခုန်ခဲ့တာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။ 

Ref; BBC Japan resumes commercial whaling after 30 years


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။