Trending Now

ကချင်ပြည်နယ်တွင် ၇ ရက်မှ ၁၀ ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်

Spread the love

ကချင်ပြည်နယ်တွင် ၇ ရက်မှ ၁၀ ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်

EPN
မိုးလေဝသ၊ ဇူလိုင် ၁

ကချင်ပြည်နယ်အပါအဝင် တိုင်နှင့်ပြည်နယ်အချို့တွင် ၇ ရက်မှ ၁၀ ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ညနေအထိ ခန့်မှန်းချက်နေဖြင့် ကချင်ပြည်နယ်တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး နောက် ၂ ရက်အတွင်း မိုးပိုလာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်မော်နှင့် ရွှေကူတို့တွင် ၄ ပေမှ ၇ ပေခန့်အထိ လက်ရှိရေမှတ်ထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။