Trending Now

တစ်လအတွင်း လမ်းမှားရောက်နေသည့် PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းဆို

Spread the love

တစ်လအတွင်း လမ်းမှားရောက်နေသည့် PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းဆို

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၁

ပြီးခဲ့သည့် ဇွန်လ ၆ ရက်မှ ၂၉ ရက်အတွင်း ဥပဒေဘောင်းအတွင်း ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၀၅ ဦးထိ ရှိလာကြောင်း နစကအဖွဲ့ပြောရေးဆိုခွင့် ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ယနေ့ ဇူလိုင်လ (၁) ရက်တွင် နေပြည်တော်တွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
” (၆) လပိုင်း (၆) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ဥပဒေဘောင်ထဲ ပြန်လည် ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား (၁၅၆) နဲ့ အမျိုးသမီး (၄၉) ဦး စုစုပေါင်း ၂၀၅ ဦး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှာ ဧရာဝတီတိုင်း ဒေသကြီးမှ (၁၁၉) ဦး၊ ရန်ကုန် တိုင်းအတွင်းမှ (၈) ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ (၄၁) ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ (၁၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ (၁၈) ဦး ၊ ကရင်၊ ရှမ်းနှင့် မွန်ပြည်တို့မှ (၁) ဦးစီ၊ ပဲခူးတိုင်းအတွင်း (၉) ဦး၊ ကယားပြည်နယ်မှ (၃)ဦးရှိကြောင်း သိရသည်။

“အခုလိုလမ်းမှားရောက်နေတဲ့ လူငယ်လူရွယ်တွေကို ပြန်လည်ဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာ ဆက်သွယ်ဆောင်ရွက်သွားကြဖို့ စေတနာနဲ့ တိုက်တွန်းလိုပါတယ် သက်ဆိုင်သူတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်စုစုပေါင်း (၂၀၅)ဦးတို့ကို နစက ၏တာဝန်ရှိသူများမှထောက် ပံ့ပစ္စည်းများပေးအပ်ပြီး သက်ဆိုင်ရာမိဘများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။