Trending Now

စာရေးဆရာ အကြီးကိုကို၏ ၁၂ ကြိမ်မြောက် မဲခေါင်စာပေ ဆုရရှိခဲ့သည့်စာအုပ် အပါအဝင် သုတ/ရသ စာအုပ်များ မြစ်ကြီးနား တက္ကသိုလ်သို့ လှူဒါန်း

Spread the love

စာရေးဆရာ အကြီးကိုကို၏ ၁၂ ကြိမ်မြောက် မဲခေါင်စာပေ ဆုရရှိခဲ့သည့်စာအုပ် အပါအဝင် သုတ/ရသ စာအုပ်များ မြစ်ကြီးနား တက္ကသိုလ်သို့ လှူဒါန်း

EPN
မြစ်ကြီးနား၊မတ်လ ၆

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်သို့ စာရေးဆရာအကြီးကိုကို၏ ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုရရှိခဲ့သည့် စာအုပ်အပါအဝင် ကျပ်ငါးသိန်းကျော်တန်ဖိုးရှိသည့် သုတ/ရသ စာအုပ်များကို ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှုင်းနှင့် အကြီးကိုကို စာကြည့်တိုက် ဖောင်ဒေးရှင်းတို့ပူးပေါင်းကာ မတ်လ၄ရက်နေ့ က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတက္ကသိုလ်ရှိ ဂုဏ်ထူးတန်းနှင့် မဟာတန်း တက်ရောက်နေသည့် လူငယ်များအတွက် ရည်ရွယ်ကာ သုတ/ရသ စာပေ၊ စာအုပ်များ၊ ကဗျာစာအုပ်များ စုစုပေါင်း စာအုပ်ရေ ၂၀၀ ခန့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာအကြီးကိုကို (ကသာ) ကပြောသည်။

” ရည်ရွယ်ချက်ကတော့ ဒီဘက်ခေတ်လူငယ်တွေက စာအုပ်ကိုမဖတ်ကြတော့ဘူး၊စာကြည့်တိုက်ထဲကို သွားရကောင်းမှန်းမသိကြတော့ဘူး၊ စာအုပ်၊ စာပေနဲ့ ဝေးသွားရင် လူငယ်တွေအတွက် လူမူရေး၊စီးပွားရေး၊ နိုင်ငံရေးဘက်တွေမှ အမှားအယွင်းတွေရှိလာနိုင်တယ်၊ အဲ့တာကြောင့် လူငယ်တွေ စာပေဘက်စိတ်ဝင်စားလာဖို့ စာအုပ်တွေ ဖတ်ကြဖို့ အတွက် ၊ စာအုပ်လှူဒါန်းပွဲနဲ့ စာပေဟောပြောပွဲလေးပြုလုပ်ဖြစ်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါလှူဒါန်းသည့် သုတ/ရသစာပေများကို မြစ်ကြီးနားတက္ကသိုလ်မြန်မာစာဌာနမှ လက်ခံရယူခဲ့ပြီး၊ ၁၂ကြိမ်မြောက် မဲခေါင်စာပေဆုရရှိခဲ့သည့် စာအုပ်အပါအဝင် စာအုပ်ပေါင်း ၂၀၀ ကို လှူဒါန်းခဲ့ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။