Trending Now

ကန့်ဘလူမြို့နယ်မှာ သက်ကြီးရွယ်အို လူ ၂ ဦးကို အကြမ်းဖက်သမားတွေက သတ်ဖြတ်

Spread the love

ကန့်ဘလူမြို့နယ်မှာ သက်ကြီးရွယ်အို လူ ၂ ဦးကို အကြမ်းဖက်သမားတွေက သတ်ဖြတ်

EPN
ကန့်ဘလူ ၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ လိတ္ထုကျေးရွာအုပ်စု ၊ အင်ကြင်းစုကျေးရွာမှာနေတဲ့ ၊ သက်ကြီးရွယ်အို ၂ ဦးကို အကြမ်းဖက်သမားတွေက မနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ အကြမ်းဖက်သမား လူ ၂၀ ကျော်လောက်က ရွာထဲဝင်လာပြီး ဦးကြည်လွင် ၇၀နှစ်၊ နဲ့ ဦးခင်မောင်သိန်း ၅၅နှစ် ၊ ၂ ဦးကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာတောစပ်နေရာမှာ သတ်ပစ်လိုက်တယ် ” လို့ အင်ကြင်းစုရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ သက်ကြီးရွယ်အို ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ကန့်ဘလူမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” သေဆုံးသူ ၂ ယောက်စလုံးက သာမန်ပြည်သူတွေ ဖြစ်တယ် ၊ နိုင်ငံရေး အရောင်အသွေး မရှိဘူး ၊ သူတို့ ၂ ဦးကို အကြမ်းဖက်သမားတွေက သတ်ဖြတ်ထာပါ ၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာနဲ့ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် ၊ အမှုဖွင့်စုံစမ်းနေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိ 5Star ကြက်ကြော် အရောင်းဆိုင် ဝန်ထမ်း မဝေနှင်းဦး ဆိုတဲ့ အမျိုးသမီးငယ် တစ်ဦးလည်း အကြမ်းဖက်သမားတွေက ပစ်သတ်ခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအပြင် မနေ့ စက်တင်ဘာ ၁၆ ရက် မနက် အစောပိုင်း ၂ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ် ၊ ဆင်မြေကျေးရွာမှာနေတဲ့ ဦးနန်းအောင်သူ (၅၀)နှစ် (ကျောက်ဖြတ်/ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူ) နဲ့ ကိုဖြိုးမင်းသူ (၃၆)နှစ် (လေထိုးကျွတ်ဖာလုပ်ငန်း) သူတို့ ၂ ဦးဟာ နေအိမ်မှာ အိပ်နေတဲ့အချိန် အမည်မသိ လက်နက်ကိုင်း အဖွဲ့ လူ ၇ ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထိပ်နေရာမှာ ပစ်သတ်ထားခဲ့တယ် လို့ ဒေသခံ ပရဟိတသမားတွေဆီ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။