Trending Now

ဒွန်ဘတ်စ်သို့ ပြည်ပတိုက်ခိုက်ရေးသမားများ စေလွှတ်ရေး ပူတင် ခွင့်ပြု

Spread the love

ဒွန်ဘတ်စ်သို့ ပြည်ပတိုက်ခိုက်ရေးသမားများ စေလွှတ်ရေး ပူတင် ခွင့်ပြု

EPN

နိုင်ငံတကာ၊ မတ် ၁၂

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဒွန်ဘတ်စ်ဒေသသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် နှင့် ပြည်ပမှ စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမားများခွင့်ပြုရေးကို ထောက်ခံကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

အနောက်နိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့သည် ကြေးစားစစ်သားများ စုစည်းအသုံးပြုခြင်းနှင့် ၎င်းတို့အား ယူကရိန်းသို့ စေလွှတ်နေခြင်းမှာ ဖုံးကွယ်ထား၍မရကြောင်း ပူတင်က ရုရှားလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားဖက်ဒရယ်ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်းဂူး ၏ ပြောကြားချက်အရ အရှေ့အလယ်ပိုင်း နိုင်ငံအသီးသီးရှိ စေတနာ့ဝန်ထမ်းအမျိုးမျိုးထံမှ လျှောက်ထားမှု အမြောက်အများကို လက်ခံရရှိခဲ့ကြောင်းနှင့် လူ ၁၆,၀၀၀ ကျော်သည် တိုက်ပွဲတွင် ပါဝင်ရန် တောင်းဆိုခဲ့ကြသည်ဟုဆိုသည်။

“အကယ်၍ သင်ဟာ အထူးသဖြင့် ငွေကြေးအတွက်မဟုတ်ဘဲ အခြေခံစေတနာ့ဝန်ထမ်းလုပ်လိုတဲ့သူတွေကို တွေ့မြင်ချင်တယ်ဆိုရင် ဒွန်ဘတ်စ်ကိုလာခဲ့ပြီး အဲဒီကပြည်သူတွေကို ကူညီလိုက်ပါ။ လမ်းခုလတ်မှာပဲ သူတို့နဲ့တွေ့ဆုံနိုင်မှာဖြစ်ပြီး စစ်မက်ဇုန်ကနေ သူတို့ရွှေ့ပြောင်းပေးဖို့ အထောက်အကူဖြစ်စေမှာပါ” ဟု ဆာဂေး၏ အစီရင်ခံစာကို ကြားနာပြီးနောက် ပူတင်က ပြောဆိုခဲ့သည်။

ထို့အပြင် ယူကရိကန်းနိုင်ငံရှိ သိမ်းဆည်းရမိသော အနောက်နိုင်ငံထုတ် လက်နက်များအား ဒွန်ဘတ်စ်ရှိ တပ်ဖွဲ့များထံ လွှဲပြောင်းပေးရေး ရှေ့ပြေးအစီအစဉ်ကို လည်းထပ်မံပြောကြားခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သသည့် ရက်ပိုင်းအတွင်း ရုရှားသည် မြို့ပြတိုက်ပွဲများတွင် အတွေ့အကြုံရှိသော ဆီးရီးယားတိုက်ခိုက်ရေးသမားများကို စုဆောင်းနေသည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိများ ကပြောကြားခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

ပရော်ဖက်ရှင်နယ် စစ်သည်များနှင့် အရာရှိများသာ စစ်သည်များသာ စေလွှတ်ခဲ့သည်ဟု ပူတင်က ငြင်းဆိုပြီးနောက် ပဋိပက္ခတွင် စစ်မှုထမ်းအချို့ ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

Source – Aljazeera – Xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။