Trending Now

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ ပြောင်းရွှေ့ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြု

Spread the love

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ ပြောင်းရွှေ့ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြု

EPN
မြစ်ကြီးနား၊ ဇွန် ၂၄

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ နေပြည်တော်အကျဉ်း ထောင်းဝင်းအတွင်းကို ပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆိုလိုက်ပါတယ်။

”ဒေါ်အောင်ဆန်းစုကြည်အား ဇွန်လ ၂၂ ရက်နေ့မှာ သက်ဆိုင်ရာ တရားရုံးများက တရားစီရင်ပြီးဖြစ်ခြင်းကြောင့် ပြစ်မှုဆိုင်ရာဥပဒေများအရ ထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှုရှိပြီး ထောင်အတွင်းမှာ သီးခြားကောင်းမွန်စွာ ထားရှိထားရှိပါတယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသောအမှုများကို လာမယ့် ရုံးချိန်းကနေစတင်ပြီး နေပြည်တော်ထောင်အတွင်းရှိ အထူးတရားရုံးမှာ ပြောင်းရွေ့စစ်ဆေးသွားမှာဖြစ်ကြောင်း တရားရုံးနဲ့ နီးစပ်‌တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီး တရားရင်ဆိုင်နေရတဲ့ အမှုတွေလဲ ထပ်ရှိနေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လာမယ့် ရုံးချိန်းကို ဇွန် ၂၈ ရက်သို့ ချိန်းဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းတရားရုံးမှာပဲ ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။