Trending Now

မိုးညှင်းမြို့နယ်တွင် အလှူလုပ်ရန်ပြင်ဆင်နေသည့် ဘုန်းတော်ကြီးကျောင်းအား ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဆရာတော် တစ်ပါးအပါအဝင် ၅ ဦးဒဏ်ရာရ

Spread the love

မိုးညှင်းမြို့နယ်တွင် အလှူလုပ်ရန်ပြင်ဆင်နေသည့် ဘုန်းတော်ကြီးကျောင်းအား ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဆရာတော် တစ်ပါးအပါအဝင် ၅ ဦးဒဏ်ရာရ

EPN
မြစ်ကြီးနား၊ ဧပြီ ၂၉

မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာအတွင်းရှိ အလှူပြုလုပ်ရန်ပြင်ဆင်နေသည့် ဘုန်းတော်ကြီးကျောင်းအား အမည်မသိ အကြမ်းဖက်သမားများက ယမန်နေ့ညပိုင်အချိန်တွင် ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် ဆရာတော် တစ်ပါးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နန့်စလော်ကျေးရွာတွင် တည်ထားကိုးကွယ်သည့် နဂါရုံဘုရား အနေဂဇာတင်ရန်အတွက် ဒက္ခိဏဝန်မန်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ချက်ပြုတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ည ၇ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများက ဒရုန်းဖြင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် အလှူအတွက် ကူညီချက်ပြုတ်နေကြသူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း မပြေးနိုင်သည့် ဦးဝိမလ သက်တော်(၇၈) နှစ် နှင့် ဦးသန်းထွန်း ( ၅၂) နှစ်၊ ဦးအောင်ကြီး(၆၈)နှစ်၊ ဦးမြကြီး (၈၃)နှစ်၊ မောင်ဓါတ်ဆံ (၁၅)နှစ်၊ တို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဒဏ်ရာရာရှိသူများကို ဟိုပင်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။