Trending Now

ပညာသင်နှစ် လေးနှစ်အတွင်း တက္ကသိုလ်စာမေးပွဲ အောင်မြင်ခဲ့သည့် လာချိဒ်ကျောင်းသား၊ကျောင်းသူ (၂၀၀)နီးပါးကို လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ဂုဏ်ပြုဆုချီးမြှင့်ပေး

Spread the love

ပညာသင်နှစ် လေးနှစ်အတွင်း တက္ကသိုလ်စာမေးပွဲ အောင်မြင်ခဲ့သည့် လာချိဒ်ကျောင်းသား၊ကျောင်းသူ (၂၀၀)နီးပါးကို လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ဂုဏ်ပြုဆုချီးမြှင့်ပေး

EPN
ဝိုင်းမော် ၊စက်တင်ဘာ ၁၀

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့ ခကွမ်ကျေးရွာ၊ မဒိန်အုပ်စု လာချိဒ်ရိုးရာစာပေယဉ်ကျေးမူး ခန်းမဆောင်တွင် ယနေ့ မနက်ပိုင်းအချိန်က ၂၀၁၉ မှ ၂၀၂၂ခု ပညာသင်နှစ် လေးနှစ်အတွင်း တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့သည့် လာချိဒ်ကျောင်းသား၊ကျောင်းသူ (၂၀၀)နီးပါးကို လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့‌ကြောင်း သိရသည်။

လာချိဒ်ရိုးရာ စာပေယဉ်ကျေးမှုဗဟို ကော်မတီအနေဖြင့် နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ ကို နှစ်စဉ်ဂုဏ်ပြုဆုတံဆိပ်များနှင့် ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါ အခြေများကြောင့် ၂၀၁၉ မှ ရပ်နားခဲ့ပြီး ယခုနှစ်တွင် လေးနှစ်တာ အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများအား စုပေါင်းကာ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်သယံဇာတရေးရာကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့အပြင် အစိုးရ အဖွဲ့ ဌာနဆိုင်ရာများ လာချိဒ်တိုင်းရင်းသား ဗဟိုခွဲ၊ ဇုံနယ်အသီးသီးမှ ကိုယ်စားလှယ်များ လည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။

“မြန်မာတစ်နိင်ငံလုံးမှာ ရှိတဲ့ လာချိဒ်ကျောင်းသား ကျောင်းသူ ၁၇၂ ဦးကို ဂုဏ်ပြုဆုတံဆိပ်တွေ ယူနီဖောင်းရယ် ရိုးရိုးအောင်တဲ့ ကျောင်းသားတွေကို ငွေးသားတစ်သိန်းနဲ့ ဂုဏ်ထူးနဲ့ပါတဲ့ ကျောင်းသားကျောင်းသူတွေကို နောက်ထပ် နှစ်သောင်းနှူန်း ထပ်ဆောင်း ပေးအပ်ခဲ့တယ် “ဟု အဆိုပါ အခမ်းအနားမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ တက္ကသိုလ် ဝင်တန်းအောင်မြင့်ခဲ့သည့် ကျောင်းသား၊‌ကျောင်းသူများအနေဖြင့် ကွန်ပျူတာ တက္ကသိုလ် နည်းပညာတက္ကသိုလ်ကျောင်းများတွင် တက်ရောက်သင်ကြားလိုပါက ချိတ်ဆက် ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

မြစ်ကြီးနား ၊ဝိုင်းမော်၊ ချီဖွေမြို့နယ်များတွင် လာချိဒ်စာသင်ကြားနေတဲ့ အခြေခံပညာ ကျောင်းပေါင်း (၂၅)ကျောင်းတွင် Grade1မှ Grade 3အထိ ကျောင်းသား ကျောင်းသူ ၁၆၀၄ ဦးရှိပြီး ဆရာ၊ဆရာမပေါင်း (၂၅)ဦး ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။