Trending Now

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကျောင်းသား/သူများအား ပညာသင်ကြားမှု မပြုလုပ်ရန် အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

Spread the love

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကျောင်းသား/သူများအား ပညာသင်ကြားမှု မပြုလုပ်ရန် အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

EPN
မြစ်ကြီးနား ၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဆရာ/မ များနှင့် ကျောင်းသား/သူများအား ပညာသင်ကြားမှု မပြုလုပ်ရန် ကျောင်းအုတ်နံရံတွေမှာ အကြမ်းဖက်သမားများက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၁၃ ရက် နံနက် ၉ နာရီ အချိန်တွင် ရွှေကူမြို့နယ်၊ ကျွန်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများကို ပညာသင်ကြားပေးနေသော ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိထွေးပါ ကျောင်းဆရာတစ်ဦး၊ ဆရာမ ၄ ဦးတို့အား အကြမ်းဖက်သမားများက မိုးစစ်ကျေးရွာသို့ ဖမ်းဆီးခေါ်သွားပြီး ဆရာ/ မများအား “ကျောင်းသား/သူများကို ဆက်ပြီး ပညာသင်ကြားခြင်း မပြုရန်နှင့် CDM ပြုလုပ်သွားရန် ပြောဆိုခြိမ်းခြောက်ကာ နံနက် ၁၁ နာရီ အချိန်ခန့်၌ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား/ သူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။