Trending Now

ပေါက်မြို့နယ် ကျောက္မဆင် သစ်တောစခန်းကို အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီး

Spread the love

ပေါက်မြို့နယ် ကျောက္မဆင် သစ်တောစခန်းကို အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီး
EPN
ပေါက်၊ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောက်မဆင်ကျေးရွာအနီးက ၊ ကျောက်မဆင် သစ်တောစခန်းကို အကြမ်းဖက်အုပ်စုက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ပခုက္ကူခရိုင် သစ်တော အသိုင်းအဝိုင်းက ဖေဖော်ဝါရီ ၁၉ ရက်၊ ဒီကနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။
“ကျောက်မဆင် သစ်တောစခန်းဆိုတာ ပေါက်မြို့နယ် သစ်တောဦးစီးဌာန အမှတ် ၂ က ပိုင်တဲ့ သစ်တောစခန်းဖြစ်တယ်၊ အခုလ ၁၇ ရက်ည ၁၀ နာရီဝန်းကျင်မှာ အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးသွားတယ်၊ မှတ်တမ်းသွားယူတဲ့အဖွဲ့ ပြန်မရောက်သေးလို့ ဖုန်းသတင်းအချက်ပဲ သိရသေးတာ ” လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဲ့ဒီ မီးရှို့ဖျက်ဆီးမှုကြောင့် သစ်တောစခန်း အဆောက်အဦးတချို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဘိုးကို ဒီကနေ့အထိ တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။