Trending Now

ပန်ဝါမြို့တွင် (၇၅)မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဌာနဆိုင်အဖွဲ့အစည်းများ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

Spread the love

ပန်ဝါမြို့တွင် (၇၅)မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဌာနဆိုင်အဖွဲ့အစည်းများ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

EPN
ပန်ဝါမြို့၊ ဇန်နဝါရီ ၃

ကချင်ပြည်နယ် အထူးဒေသ ၁၊ ချီဖွေခရိုင်၊ ပန်ဝါမြို့တွင် ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်က ပန်ဝါမြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ စုပေါင်း၍ (၇၅)မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို အကြိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်ဝါမြို့အတွင်း သာယာလှပစေရန်အတွက် မြို့အတွင်းရှိ ဈေးတန်းများ ရပ်ကွက်၊ စာသင်ကျောင်း ဆေးရုံးတို့တွင် ရပ်မိရပ်ဖများ ဌာနဆိုင်ရာများ ကျောင်းသား ကျောင်းသူများတို့နှင့် စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း ပန်ဝါမြို့အုပ်ချုပ်ရေးမှူးက ပြောသည်။

“နှစ်စဉ် ပြုလုပ်နေတာဖြစ်တယ် ပြီးခဲ့တဲ့ နှစ်တွေကတော့ ကိုဗစ်ရောဂါကြောင့် ရပ်နားခဲ့တယ် မြို့ပေါ် သန့်ရှင်းစေဖို့အတွက် အမှိုက်ကောက်တာတော့ရှိခဲ့တယ် ဒီနှစ်မှာတော့ သန့်ရှင်းရေးလုပ်တယ် ကျောင်းသားကျောင်းသူတွေ အတွက်ရော အားကစား (၁၃)မျိုး ထည့်သွင်း ပြုလုပ်မယ် ဆုပေးပွဲတွေပါမယ်”ဟု ၎င်းက‌ ဆိုသည်။

(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို အကြိုဂုဏ်ပြုသည်အနေဖြင့် ပညာရေးဆရာ၊ ဆရာမများ၊ မြို့အုပ်ရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ နှစ်ရက်တာ မြို့တွင်း သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လာမည့် နှစ်များတွင်လည်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ပန်ဝါမြို့သန့်ရှင်းသာယာလှပစေအတွက် ယခုကဲ့သို့ စုပေါင်း သန့်ရှင်းရေးများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။