Trending Now

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း

Spread the love

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ ဧပြီ ၁၁ (၂၀၂၄)

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၁၀ရက်၊ နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အမှာစကားပြောကြားပြီး အလှူရှင်များက ပေးအပ်လှူဒါန်းသည့် အလှူငွေနှင့် စာအုပ်စာစောင်များကို လက်ခံခဲ့ကြသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ်သိန်း ၁၀၀၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၁၆၅ သိန်းနှင့် စာအုပ်စာစောင် ၂၀၀၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၁၀၀၅၅၀၀၀ နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၁၂၇၈၀၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၈၁၂၁၆၁၀၀ နှင့် စာအုပ်စာစောင် ၂၂၃၀၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၂၂၈၁၀၀၀၀နှင့် စာအုပ်စာစောင် ၆၄၇ အုပ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၄၂၃ သိန်းနှင့် စာအုပ်စာစောင် ၃၀၀၀၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၃၂၃၉၀၀၀၀ နှင့် စာအုပ်စာစောင် ၃၅၆ အုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၂၀၈၁၀၀၀၀ နှင့် စာအုပ် စာစောင် ၄၀၀၈ အုပ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ်သိန်း ၃၀၀ နှင့် စာအုပ် စာစောင် ၅၀၀၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၁၁၉ သိန်းနှင့် စာအုပ်စာစောင် ၂၉၇ အုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၈၂၇၄၀၀၀၀နှင့် စာအုပ်စာစောင် ၄၈၂၀၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ နှင့်အလှူရှင်များက ငွေကျပ် ၄၂၄၁၁၅၈၀ နှင့် စာအုပ် စာစောင် ၂၀၃၅ အုပ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၉၁၆၅၀၀၀နှင့် စာအုပ်စာစောင် ၁၀၆၁၃ အုပ်တို့ကို ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။