Trending Now

အာဖဂန်နစ္စတန် ထောက်လှမ်းရေးတပ်ဖွဲ့ကို ကားဗုံးခွဲ၍တိုက်ခိုက်ရာ ခုနှစ်ဉီးသေ၊ ၄၀ ကျော် ဒဏ်ရာရ

Spread the love

အာဖဂန်နစ္စတန် ထောက်လှမ်းရေးတပ်ဖွဲ့ကို ကားဗုံးခွဲ၍တိုက်ခိုက်ရာ ခုနှစ်ဉီးသေ၊ ၄၀ ကျော် ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ မေ ၁၈

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ဂါနီပြည်နယ်ရှိ ထောက်လှမ်းရေးအေဂျင်စီ၏ စခန်းတစ်ခုအပြင်ဘက် တွင် ယနေ့ တာလီဘန်တို့၏ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူခုနှစ်ဉီး သေဆုံးခဲ့ပြီး ၄၀ဉီး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုး ရက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ အမျိုးသားထောက်လှမ်းရေးအေဂျင်စီမှ အထူးတပ်ဖွဲ့တစ်ဖွဲ့ တပ်စွဲထားရာ အမျိုးသား လုံခြုံရေးညွှန်ကြားမှုဌာနအပြင်ဘက်၌ ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄ မိနစ်တွင် တာလီဘန်အဖွဲ့က ဖောက်ခွဲ ရေးပစ္စည်းများတင်ဆောင်သည့် ကားတစ်စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ခုနှစ်ဉီး သေဆုံးခဲ့ပြီး ၄၀ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ထပ် ဒဏ်ရာရရှိသူ ရှစ်ဉီးမှာလည်း အရေးပေါ်အခြေအနေဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် နှစ်ကီလိုမီတာအကွာအဝေးရှိ ပြတင်းပေါက်များနှင့် အိမ်၏မှန်များပျက်စီးခဲ့သော်လည်း အရပ်သားများမှာ ထိခိုက်မှုမရှိခဲ့ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

တာလီဘန်များသည် အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီး သိပ်မကြာခင် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့ တောင်ဘက် ၁၂၅ကီလိုမီတာဝေးသည့်နေရာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
အာဖဂန်နစ္စတန်တို့၏ အစာရှောင်သည့် ရာမာဒန် ဉပုသ်လ ကျင်းပနေစဉ် နောက်ဆုံးအကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်းကလည်း အိမ်းနီးချင်းပြည်နယ်ဖြစ်သည့် ပတ်တီကာပြည်နယ် ဂါဒီဇာမြို့ရှိ စစ်တပ်ရုံးတစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ငါးဉီးသေဆုံးခဲ့ပြီး စစ်သားခြောက်ဉီး အပါအဝင် လူပေါင်း ၄၆ဉီး ဒဏ်ရာရရှိခဲ့သည်။

Ref; 7 killed, 40 wounded in Taliban attack in Afghanistan’s Ghazni: gov’t


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။