Trending Now

မခေါဒီကျေးရွာတွင် တရုတ်ပြည်မှဝင်လာပြီး နာမကျန်းဖြစ်နေသူများရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်

Spread the love

မခေါဒီကျေးရွာတွင် တရုတ်ပြည်မှဝင်လာပြီး နာမကျန်းဖြစ်နေသူများရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်

EPN
ဝိုင်းမော်၊ မတ် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် မခေါဒီကျေးရွာတွင် တရုတ်ပြည်မှ ခိုးဝင်လမ်းဖြင့် ပြန်လာသည့်သူများ ရှိနေပြီး ယင်းပြန်လာသူများအနက် နာမကျန်းဖြစ်နေသည့်သူများ ရှိနေသည့် အတွက် ဒေသခံများက COVID-19 ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မခေါဒီကျေးရွာတွင် ယခင်နှစ်ကတည်းက တရုတ်ပြည်သို့ သွားရောက်ကာ အလုပ်လုပ်နေသူ အများအပြားရှိနေကြောင်း သိရပြီး ယခုရက်ပိုင်းတွင် COVID -19 ဂယက်ကြောင့် ပြန်လည် ဝင်ရောက်လာကြပြီး အချို့မှာ ခိုးဝင်လမ်းဖြင့် ဝင်ရောက်သူများရှိနေပြီး ယနေ့ မနက်ပိုင်းက ဝမ်းပြတ်ဝမ်းလျှော ဖြစ်သည်ဟုဆိုကာ အမျိုးသမီးသုံးဦးက ဆေးလာရောက်ဝယ်ယူခဲ့ကြောင်း COVID-19ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကကြောင်း အမည်မဖော်လိုသူ ဆေး ဆိုင်ပိုင်က ဆိုသည်။

“မနေ့ကတရုတ်ပြည်က ပြန်လာတယ်ဆိုပြီးမှ ဝမ်းကိုက်တယ် ဝမ်းလျှောတယ်ဆိုပြီး ဆေးလာရှာတယ်။ အမျိုးသမီးသုံးယောက်။ အဲ့ဒါကြောင့်ကျွန်တော်တို့ကတော့ စိုးရိမ်တာပေါ့နော်”ဟု အမည်မဖော်လိုသူ ဆေးဆိုင်ဆိုင်ပိုင်ရှင်က ပြောသည်။

ယင်းအမျိုးသမီးသုံးဦးမှာ ယခုရက်ပိုင်းအတွင်းမှဝင်ရောက်လာပြီး ဧည့်သည်ဖြစ်နိုင် ကြောင်းနှင့် မည်သည့်နေရာတွင်တည်းခိုကြောင်းကို မသိရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းတွင် တရားဝင် မြန်မာ-တရုတ် နယ်စပ်ဂိတ် သုံးခုသာရှိပြီး ယင်းဂိတ်များတွင် ကျန်းမာရေးစနစ်တကျ စစ်ဆေးပြီးဝင်ရောက်ခွင့် ပေးထားသော်လည်း တရားမဝင် ခိုးဝင်ပေါက်များမှ ဝင်ရောက်မှုများရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်လျက်ရှိနေသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။