Trending Now

အစ္စရေး-ဟားမတ်စ် စစ်ပွဲ

Spread the love

အစ္စရေး-ဟားမတ်စ် စစ်ပွဲ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀

– ပါလက်စတိုင်းပိုင်နက်ကို မြေပြင်ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့ဝင်တွေကို အဆင်သင့်ဖြစ်နေတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောထားပေမယ့် ဘယ်တော့စမယ်ဆိုတာတော့ မပြောသေးပါဘူး။

– ဂါဇာကမ်းမြောင်ဒေသရဲ့ လူဦးရေ ထက်ဝက်ခန့်ရှိတဲ့ ပါလက်စတိုင်း ၁ သန်းကျော်ဟာ စစ်ပွဲကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရပါတယ်။

– အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက ပါလက်စတိုင်း ၃၇၈၅ ဦး သေဆုံးပြီး အခြား ၁၂,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဟားမတ်စ် ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

– အစ္စရေးမှာလည်း လူပေါင်း ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၂၀၃ ဦးကို ဟားမတ်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

– အစ္စရေးဟာ ဂါဇာကိုပြေပြင်ထိုးစစ်ဆင်မဆင်မီ လက်ဘနွန်နယ်စပ်အနီးက အစ္စရေးမြို့တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။

– အစ္စရေးက သောကြာနေ့အစောပိုင်းမှာ ပါလက်စတိုင်းတွေကို ဘေးကင်းတယ်လို့ ပြောဆိုထားတဲ့ တောင်းပိုင်းဒေသတွေကိုပါ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိပါတယ်။

– လောင်စာဆီပြတ်လပ်မှုကြောင့် ပဉ္စမမြောက် အဓိကဆေးရုံတစ်ရုံကို ပိတ်လိုက်ပြီးနောက် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဒီဇယ်ဆီအတွက် အရေးပေါ်တောင်းဆိုချက်ကို ထုတ်ပြန်လိုက်ပါတယ်။

– ယီးမင်းနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်သုံးစင်းကို အမေရိကန် ရေတပ်စစ်သင်္ဘော USS Carney က ကြားဖြတ်ဟန့်တားခဲ့ပြီး အစ္စရေးကို ပစ်မှတ်ထားသလားဆိုတာ ချက်ချင်းတော့ မသေချာပါဘူး။

– အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲဟာ ကမ္ဘာ့ရေနံဈေးကွက်အတွက် သတင်းကောင်းမဟုတ်ကြောင်းနဲ့ ဆော်ဒီအာရေးဗီးယားနဲ့ ရုရှားတို့က ရေနံထုပ်လုပ်မှုကို လျော့ချနေတာကြောင့် တရုတ်နိုင်ငံထံကနေ ဝယ်လိုအားပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။

– ယူကရိန်းနဲ့ အစ္စရေးအတွက် ရန်ပုံငွေအပါအဝင် လာမယ့်နှစ်အတွက် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၀၀ ဘီလီယံခန့် မျှော်မှန်းထားတဲ့ ရန်ပုံငွေကို ကွန်ဂရက်သို့ အရေးပေါ် တောင်းခံသွားမယ်လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

– ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီကြဖို့နဲ့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် လောင်စာ၊ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေကို အမြန်ဆုံးဝင်ရောက်ခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။

– အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဂါဇာဆေးရုံမှာ အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် အကူအညီတွေ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။