Trending Now

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် နုပျိုနေဆဲဖြစ်တဲ့ တရုတ်အဖိုးအိုက သူ့ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့

Spread the love

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် နုပျိုနေဆဲဖြစ်တဲ့ တရုတ်အဖိုးအိုက သူ့ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့

EPN
နိုင်ငံတကာ၊ မတ် ၁၃

ရှန်းဟိုင်းရဲ့ ခေတ်မီဆုံး အသက် ၇၃ နှစ်အရွယ် အဖိုးအိုဟာ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ရုပ်ရည်သွင်ပြင်ကြောင့် ဆိုရှယ်မီဒီယာတွေနဲ့ နိုင်ငံတစ်ဝမ်းလုံးက အံ့အားသင့်ခဲ့ရပါတယ်။

“မင်းတကယ်အသက်ဘယ်လောက်ရှိပြီလဲ” လို့ အရပ်ခြောက်ပေ နဲ့ ကိုယ်အလေးချိန် ၆၈ ကီလိုဂရမ်သာရှိတဲ့ ရှန်ဟိုင်းအမျိုးသား ဟူဟိုင်ကို အမေးခံရဆုံး မေးခွန်းဖြစ်ပါတယ်။

ဟူဟိုင်ဟာ ၂၀၁၆ ခုနှစ်က မော်ဒယ်ပြိုင်ပွဲတစ်ခုမှာ ရှန်ဟိုင်းရဲ့ ခေတ်အမီဆုံး အဖိုးအိုဘွဲ့ကို ရရှိခဲ့ပြီးနောက် နိုင်ငံလုံးဆိုင်ရာ တီဗီတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ထင်းရှားလာခဲ့တာဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ နေထိုင်ရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ပေါ့ပေါ့ပါးပါး စားဖို့နဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ ဖြစ်တယ်လို့ အသက် ၇၃နှစ်အရွယ် အဖိုးအိုက သတင်းစာကို ပြောခဲ့ပါတယ်။

ဟူဟိုင်က “လူတိုင်းရဲ့ ဗီဇနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မတူပါဘူး။ ကျွန်တော့်အတွက် သင့်တော်ပေမယ့် အခြားလူတွေအတွက် သင့်တော်မယ်လို့ တော့ အာမမခံနိုင်ဘာဘူး။ ကျွန်တော်က ငယ်ငယ်ကတည်းက ကျန်းမရေးမကောင်းခဲ့တဲ့ အတွက် အစားအသောက်ကို ဆင်ခြင်ခဲ့ရပါတယ်။” လို့ပြောပါတယ်။

သူဟာ နေ့စဉ် နံနက် ၅ နာရီမှာ နိုးထပြီး အချို့သော အကြောလျော့ လေကျင့်ခန်းကို ပြုလုပ်ပြီးနောက် ကြိုးခုန်တာတွေအပါအဝင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါတယ်။ အဲဒီနောက်မှာတော့ နံနက်စာစားပြီး ယောဂလေ့ကျင့်ခန်းကို ပြုလုပ်တယ်လို့ သူက ပြောပါတယ်။

သူဟာ GYM ဆော့ရတာကို မကြိုက်ဘဲ အိမ်မှာ လေ့ကျင့်ခန်းလုပ်ရတာကို ပိုမိုနှစ်သက်ပြီး နောက်တစ်ခုကတော့ နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်ပြီးတာနဲပ အွန်လိုင်းကနေ သူ့သူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်” ကျွန်တော်မှာ ငယ်ရွယ်နုပျိုနေစေဖို့ အထူးအကြံပေးချက်ရှိပါတယ်။ ဒါကတော့ ခန္ဓာကိုယ်ကို ဇောက်ထိုးဆွဲနေတာပါပဲ၊ ဒီလိုလုပ်နိုင်ဖို့လည်း အထူးလေ့ကျင့်ခန်း ပစ္စည်းတွေကို ကျွန်တော်ဝယ်ထားပါတယ်။ လို့ ဟူ ကပြောပါတယ်။

“အသက်ဆိုတာ ငါ့အတွက် ကိန်းဂဏန်းတစ်ခုပဲ။ လူတစ်ယောက်မှာ အသက်(၃)မျိုးရှိတယ်၊ သူတို့ရဲ့ တကယ့်အသက်၊ ရုပ်ပိုင်းဆိုင်ရာ အသက်နဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အသက်ရယ်လို့ ငါယုံကြည်တယ်။ ကျွန်တော့်အသက် အစစ်အမှန်က ၇၃ နှစ်ဖြစ်ပေမယ့် ရုပ်ပိုင်ဆိုင်ရာက ၄၈ နှစ်နဲ့ ညီမျှနေတယ်။ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို တော့ ၂၀-၃၀ လောက်ပဲရှိမယ်ထင်တယ်။” လို့ သူကပြောပါတယ်။

ဟူက သူ့ဘဝမှာ ကျန်းမာပျော်ရွှင်နေဖို့က မရှိမဖြစ်လိုအပ်ပြီး ဘဝရဲ့အဖိုးတန်ဆုံးအရာသုံးခုကို ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့ လူငယ်အဖြစ် တန်ဖိုးထားတယ်လို့ သူယုံကြည်တယ်။

ref; scmp

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။