Trending Now

နန့်မွန်းမြို့၌ NLD ပါတီဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရ

Spread the love

နန့်မွန်းမြို့၌ NLD ပါတီဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရ

EPN
မိုးညှင်း၊ ဇန်နဝါရီ ၁၄ (၂၀၂၄)

ကချင်ပြည်နယ်၊ နန့်မွန်းမြို့၌ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက NLD ပါတီဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် အသက် ၃၀ ကျော်အရွယ် ကိုဆန်းလင်းစိုး ဆိုသူဖြစ်ကာ သေနတ်သမားများက နေအိမ်အထိလာ၍ နာမည်ခေါ်ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်ပြီး၊
၎င်းသည် ယခင်က NLD ပါတီဝင်ဖြစ်ပြီး လက်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ည ၇ နာရီလောက်က သူတစ်ယောက်တည်း ရှိတဲ့အချိန် ဝင်ပစ် သွားတာ။ သေနတ်ဒဏ်ရာ ၅ ချက်လောက်ထိတယ်။ ဘယ်အဖွဲ့ အစည်းက ပစ်သွားတယ်ဆိုတာကတော့ တိတိကျကျ မသိဘူး။ ပစ်ခတ်ခံရလို့ ကိုဆန်းလင်းစိုးရဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရခဲ့ပြီး၊ ပြည်သူ့ဆေးရုံကို ပို့နေတုန်း သေဆုံးသွားခဲ့တာ။ သူကဒေသတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ ဖြိုးရေး လက်မှုသင်တန်းများ ပေးနေသူပါ ” ဟု၎င်းကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသည့် ကိုဆန်းလင်းစိုးသည် ၂၀၁၅ ခုနှစ်က NLD လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်ပါတီက အထုတ်ခံထားရသူ ဖြစ်သည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။