Trending Now

အမေရိကန်က လစ်သူယေးနီးယားနိုင်ငံသို့ UH-60 ဘလက်ဟော့ခ် ရဟတ်ယာဉ်ခြောက်စင်း ရောင်းချမည်

Spread the love

အမေရိကန်က လစ်သူယေးနီးယားနိုင်ငံသို့ UH-60 ဘလက်ဟော့ခ် ရဟတ်ယာဉ်ခြောက်စင်း ရောင်းချမည်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၉

ဥရောပတိုက်၏ လုံခြုံရေးအရ အားအနည်းဆုံး ဒေသတစ်ခုဟု လုံခြုံရေးဆိုင်ရာ ဆန်းစစ်လေ့လာသူများက ဆိုသည့် ဘောလ်တစ်ဒေသတွင် မဟာမိတ်အဖွဲ့၏ အလျင်အမြန် တုံ့ပြန်မှုစွမ်းဆောင်ရည်များ တိုးတက်လာစေရန် အမေရိကန်နိုင်ငံက လစ်သူယေးနီးယားနိုင်ငံသို့ UH-60 ဘလက်ဟော့ခ် ရဟတ်ယာဉ်ခြောက်စင်း ရောင်းချရန် စီစဉ်လျက်ရှိသည်။

M240H စက်သေနတ်များ၊ ဒုံးကျည်စနစ်များကဲ့သို့သော သက်ဆိုင်ရာ ဘလက်ဟော့ခ်လက်နက်ခဲယမ်း များ ပါဝင်သည့် အဆိုပါ UH-60 ဘလက်ဟော့ခ် ရဟတ်ယာဉ်ခြောက်စင်း ရောင်းချရေး သဘောတူညီချက်မှာ အ မေရိကန်ဒေါ်လာ သန်း ၃၈၀ တန်ကြေးရှိကြောင်း ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင် စီက ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

UH-60 ဘလက်ဟော့ခ် ရဟတ်ယာဉ်များက အမေရိကန်နှင့် နေတိုးအဖွဲ့၏ အမြန်တုံ့ပြန်ရေးမစ်ရှင်များ နှင့် တပ်ဖွဲ့များ အမြန်တပ်ဖြန့်ချမှုတို့တွင် လစ်သူယေးနီးယားနိုင်ငံက အကူအညီပေးခွင့် ရရှိစေမည်ဖြစ်သည်။

လစ်သူယေးနီးယားနိုင်ငံက ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို အဆင့်မြှင့်တင်နေပြီး ပိုမိုနီးကပ်သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည့် အမေရိကန်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် သစ်တစ်ရပ် တစ်နှစ်ပြည့်မြောက်ချိန်တွင် သဘောတူညီချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

လစ်သူယေးနီးယားနိုင်ငံသို့ UH-60 ဘလက်ဟော့ခ် ရဟတ်ယာဉ်ခြောက်စင်း ရောင်းချမည့်အစီအစဉ် ကြောင့် တပ်ဖွဲ့များရွှေ့ပြောင်းမှု၊ နယ်စပ်လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဆေးဘက်ဆိုင်ရာဆောင်ရွက်မှု၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် တိုက်ခိုက်ရေးတွင်ပံ့ပိုးမှုတို့ကို ရာသီမရွေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တောင်ဘက်တွင် ရုရှားနိုင်ငံ၊ ကာလီနင်ဂရက်ဒေသနှင့် အရှေ့ဘက်တွင် ရုရှားနိုင်ငံ၏ မဟာဗျူဟာ မြောက်မိတ်ဖက် ဘီလာရုစ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လစ်သူယေးနီးယားနိုင်ငံမှာ နေတိုးအဖွဲ့၏ လုံခြုံရေးအရ အခြိမ်းခြောက်ခံရဆုံး တိုင်းပြည်တစ်ခုဟု လုံခြံရေးဆိုင်ရာ ဆန်းစစ်လေ့လာသူများက ပြောသည်။

စိုးရိမ်စရာတစ်ခုမှာ ဆူဝါလ်ကီအပေါက်ဟု လူသိများသည့် လစ်သူယေးနီးယားနိုင်ငံ၏ ပိုလန်နိုင်ငံနှင့် မိုင် ၄၀ အရှည်ရှိ နယ်နိမိတ်ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားပါက အဆိုပါဒေသကို သိမ်းပိုက်လိုက်လျင် ဘောလ်တစ်သုံးနိုင် ငံက ကျန်ရှိသော မဟာမိတ်နိုင်ငံများနှင့် ဆက်သွယ်မှုပြတ်တောက်သွားမည်ဖြစ်သည်။

နေတိုးအဖွဲ့က ရုရှားနိုင်ငံ၏ ဖြစ်နိုင်ဖွယ်ရာ ကျူးကျော်တိုက်ခိုက်မှုတွင် အဟန့်အတားအဖြစ် ဆောင်ရွက် နိုင်ရန် မကြာသေးမီနှစ်များအတွင်း လစ်သူယေးနီးယားနိုင်ငံနှင့် အခြား ဘောလ်တစ်နိုင်ငံများဖြစ်သော လတ်ဗီး ယား၊ အက်စတိုနီးယားနိုင်ငံတို့၌ နိုင်ငံစုံတိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြည့်တင်းခဲ့သည်။

ပိုလန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ တိုက်ခိုက်ရေးအုပ်စုကို အမေရိကန်နိုင်ငံက ဦးဆောင်ပြီး ဆူဝါလ်ကီဒေသ လုံခြုံရေးကို အထူးဦးစားပေး ဆောင် ရွက်သည်။

–ကိုးကား–
စတားစထရိုက်စ်
Ref; Lithuania to buy US helicopters to bolster NATO capabilities in Baltics


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။