Trending Now

မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်သို့ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်များ ယာဉ်စီးခ ထက်ဝက်တက်လာ

Spread the love

မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်သို့ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်များ ယာဉ်စီးခ ထက်ဝက်တက်လာ

EPN
မော်လမြိုင်ကျွန်း ၊ မေလ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်များယာဉ်စီးခနှုန်းများ ယခင်ထက်ထက်ဝက်ခန့်မြင့်တက်လာ ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသည့်အဝေး ပြေးမော်တော်ယာဉ်များအနေဖြင့် ယခင်ကလူတစ်ဦးလျှင် စီးနင်ခအနေဖြင့် ငွေကျပ် ၅၀၀၀မှ ၆၀၀၀ အထိရှိခဲ့သော်လည်း လက်ရှိလူတစ်ဦးလျှင်ငွေကျပ် ၁၀၀၀၀ မှ ၁၂၀၀၀အထိမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

”ကားဈေးတွေက အရင်ကလူတစ်ယောက်ကို ငွေကျပ် ၅၀၀၀ ဈေးတက်လည်း ၆၀၀၀ သာရှိခဲ့တာပါ။အခုတော့ ၁၀၀၀၀ ကနေ ၁၂၀၀၀ အထိတက်လာတယ်။ရန်ကုန်ကိုအသွားအပြန် ၂၄၀၀၀ ရှိမှသွား ရလို့ရတော့မယ်”ဟု မော်လမြိုင်ကျွန်းမြို့ခံ တစ်ဦးကပြောသည်။

အဆိုပါ အဝေးပြေးမော်တော်ယာဉ်စီးခနှုန်းထားများ ထက်ဝက်ခန့်မြင့်တက်လာခြင်းသည် လူလိုက်ပါစီးနင်းမှု နည်းပြီး စက်သုံးဆီဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

”ဒေသကနေရန်ကုန်မြို့ကိုယခင်က ဆီဘယ်လောက်မှမကုန်ပါဘူး။လက်ရှိတော့ နှစ်သိန်းကျော်ဖိုးလောက် ကုန်နေပါတယ်။ဒါ့ကြောင့်ယာဉ်စီးခဈေးနှုန်းကလည်း ပြောင်းလဲလာတာပါ။ ဒါ့အပြင် လိုက်ပါစီးနင်သူတွေက လည်း ခေတ်ကာလကောင်းတုန်းကသွားကြလာကြ ပါတယ်။အခုတော့အတော့်ကိုလျော့ကျနေပါတယ်။”မော်လမြိုင်ကျွန်းမြို့နယ်ရှိ ပုဂ္ဂလိကမော်တော် ယာဉ်များပြေးဆွဲနေသူကိုကျော်ကျော်ကပြောသည်။

မော်လမြိုင်ကျွန်းမြို့မှကျိုက်ပိ၊ရွှေတောင်မှော်၊ရေလဲ၊လှိုင်းတာ၊ပန်းပင်စု၊ဆားမလောက်၊မအူပင်၊စသည့်ဒေသများကိုဖြတ်၍ရန်ကုန်မြို့သို့ပြေးဆွဲနေသည့်မော်တော်ယာဉ်အစီးရေ ၃၀ကျော်ခန့်ရှိကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။