Trending Now

မန်ခိန်ရပ်ကွက်တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ အဆောက်အအုံ (၃)လုံးမီးလောင်မှုဖြစ်ပွား

Spread the love

မန်ခိန်ရပ်ကွက်တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ အဆောက်အအုံ (၃)လုံးမီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၂ နာရီခွဲခန့်က မန်ခိန်ရပ်ကွက်၊ နယ်မြေ (၇) ရှိ နေအိမ်တစ်ခုမှာ လျှပ်စစ်ရေနွေးအိုး ရေခမ်းကာ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ မန်ခိန်ရပ်ကွက် နယ်မြေ (၇) ရှိ ဦးလာဆိုက်ဆိုသူ၏ နေအိမ်တွင် လျှပ်စစ်ရေနွေးအိုး တည်ရာမှ ရေခမ်း၍ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံ (၃) လုံးဆင့်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” မီးဖိုချောင်က စလောင်တာ၊ ရေနွေးအိုးတည်ပြီး မေ့ထားတယ် ပြောတယ်၊ ရေခမ်းပြီး မီးလောင်သွာတာ၊ ညနက်နေတော့ ဘယ်သူမ သတိမထားမိကြဘူး၊ မီးများလာမှ သတိထားမိကြတာ၊ မီးဖိုချောင်ရယ်၊ ဘေးက စတိုခန်းရယ်၊ နေအိမ် အဆောက်အအုံ (၃) လုံးလောင်သွားတယ်၊” ဟု မီးလောင်မှု ဖြစ်ပွားသည့် ရပ်ကွက်နေသူ တစ်ဦးကပြောသည်။

ယင်းမီးလောင်မှုကို မီးသတ်ယာဥ် ၁ စီး ရေသယ်ယာဥ် ၂ စီး ဖြင့် မီးငြိမ်းသတ်ခဲ့ရကာ မိနစ် ၃၀ ကျော်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် အုပ်ညှပ်မီးဖိုချောင် ၁ လုံး၊ သွပ်မိုးထရံကာ ပစ္စည်းသိုလှောင်ခန်း ၁ ခန်း၊ အုပ်ညှပ် တစ်ထပ် လူနေအိမ် ၁ လုံး စုစုပေါင်း အဆောက်အအုံ ၃ လုံး မီးလောင်းခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ အသက် ( ၈၁) အရွယ်ရှိ ဦးလာဆိုက် ဆိုသူကို မြစ်ကြီးနားမြိူ့ ပလန နယ်မြေ ရဲစခန်းတွင် (ပ) ၉၉/၂၀၂၂ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။