Trending Now

မိုးမောက်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် တောင်သူများထံ ချေးငွေထုတ်ပေး

Spread the love

မိုးမောက်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် တောင်သူများထံ ချေးငွေထုတ်ပေး

EPN
မြစ်ကြီးနား၊ မတ် ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် တောင်သူများထံ ချေးငွေထပ်မံထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ(၃)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ချေးငွေရယူ၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် မိုးမောက်မြို့နယ်၊ မံပုံကျေးရွာ အုပ်စု၊ (၇)မိုင် အောင်မြေကျေးရွာ နေတောင်သူဦးလောချွမ်း(မိသားစု)ဘက်စုံ မွေးမြူရေးခြံ ဝက်မွေးမြူရေးအစုအဖွဲ့ တောင်သူ(၁၀)ဦးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေကျပ် သိန်း(၂၀၀)အားထပ်မံထုတ်ချေးခဲ့ကြောင်း သိရသည်။

၂-၂-၂၀၂၃ ရက် နေ့ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ မိုးမောက်မြို့နယ် ခရီးစဉ်တွင်တောင်သူများ၏ တင်ပြချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးမြစိမ်းရောင်စီမံကိန်း ချေးငွေ သိန်း ၂၀၀ ကျပ်ကို မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် ကော်မတီဝင်များမှ တောင်သူများလက်ဝယ်ထံသို့ ချေးငွေများဆက်လက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။