Trending Now

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ကူးစက်မှုနှင့်သေဆုံးမှု စံချိန်တင်

Spread the love

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ကူးစက်မှုနှင့်သေဆုံးမှု စံချိန်တင်

EPN
နိုင်ငံတကာ၊ မေ ၃၁

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စုစုပေါင်းအရေအတွက်မှာ သတ်မှတ်ထားသည့် ၁၈၀၀၀၀ ကို ကျော်လွန်သွားခဲ့ပြီး ၁၈၂၁၄၃ အထိ ရောက်ရှိသွားခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော တရားဝင် အချက်အလက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ သတ်မှတ်ထားသည့် ၅၀၀၀ ကို ကျော်လွန်ကာ ၅၁၆၄ ဦးအထိ မြင့်တက်လာခဲ့ပြီဟု အဆိုပါဝန်ကြီးဌာနက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၉၃ ဦးထပ်မံသေဆုံးခဲ့ပြီး ပိုးတွေ့လူနာသစ် ၈၃၈၀ ဦးရှိကြောင်း သိရသည်။

ယခုစာရင်းမှာ အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူသေဆုံးမှု နှင့်ကူးစက်မှုနှုန်း အမြင့်မားဆုံး ဖြစ်လာခဲ့သည်။

ယနေ့ (မေလ ၃၁ ရက်) မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရန် ဗဟိုအစိုးရက ကြေညာခဲ့ သည့် အိန္ဒိယနိုင်ငံတစ်ဝန်း သွားလာမှုကန့်သတ်ထားသည့် ၆၈ ရက်မြောက်နေ့ ဖြစ်သည်။

–ကိုးကား–
ဆင်ဟွာ
Ref; India records 182,143 COVID-19 cases, 5,164 deaths


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။