Trending Now

အိန္ဒိယနိုင်ငံမှာ ဆေးရောင်ချယ် ဟိုလီပွဲတော် ကျင်းပနေ

Spread the love

အိန္ဒိယနိုင်ငံမှာ ဆေးရောင်ချယ် ဟိုလီပွဲတော် ကျင်းပနေ

EPN
နိုင်ငံတကာ၊ မတ် ၈

သန်းပေါင်းများစွာသော အိန္ဒိယလူမျိုးတွေက နွေဦးပွဲတော်တစ်ခုဖြစ်တဲ့ ဆေးရောင်ချယ် ဟိုလီ ပွဲတော်ကို ဒီနေ့ မတ်လ ၈ ရက်နေ့မှာ စတင်ကျင်ပပြုလုပ်နေပါတယ်။

ဟိန္ဒူဒဏ္ဍာရီကို အခြေခံထားတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဟိုလီပွဲတော်ဟာ အန္ဒိယလူမျိုးတွေအတွက် မကောင်းမှုတွေကို ဖယ်ရှားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။

ဟိုလီပွဲတော်နေ့မှာ သူငယ်ချင်းတွေ နဲ့ မိသားစုတွေကို တောက်ပတဲ့ အရောင်တွေ လိမ်းကျံကာ အဆိုးတွေကို ပယ်ဖျက်ဖို့အတွက် ဆုတောင်းပေးလေ့ရှိကြပါတယ်။

အိန္ဒိယလူမျိုးတွေက ပွဲတော်ကို အသစ်အဆန်းတွေရဲ့ သင်္ကေတအဖြစ် ရှုမြင်ကြပြီး မကောင်းမှုတွေကို ပြုပြင်ဖို့ စိတ်သစ်ကိုယ်သစ်နဲ့ နှစ်သစ်ကို ဖြတ်သန်းဖို့ ရည်ရွယ်ကြပါတယ်။

ပွဲတော်အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံရဲ့ နေရာအတော်များများမှာ ကြီးမားတဲ့ စီတန်းလှည့်လည်ပွဲတွေ ကျင်းပကြပါတယ်။

လူတွေဟာ ရိုးရာအကတွေနဲ့ ကခုန်သီဆိုကာ ခမ်းနားစွာကျင်းပကြသလို ကလေးတွေအတွက်လည်း ကျောင်းတွေကို ပိတ်ထားရပါတယ်။

ပွဲတော်ကို အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပါဒစ်ရှ် ပြည်နယ်ရှိ ဗင်ဒါဘန် နဲ့ မာသာရာ လိုမြို့တွေမှာတော့ ကြီးကျယ်ခမ်းနားပြီး တစ်မှုထူးခြားတဲ့ နည်းလမ်းတွေနဲ့ ကျင်ပလေ့ရှိပါတယ်။

ပွဲတော်ကို ရက်သတ္တပတ်လုံး ကျင်းပပြုလုပ်ကြပြီး ဘုရားဝတ်ပြုသူတွေဟာ စီတန်းကခုန်ကြပြီး တစ်ဦးကိုတစ်ဦး ဆေးရောင်ချယ်ပေးကြပါတယ်။

ပွဲတော်ကျင်းပနေစဉ်အတွင်း အရောင်မှုန့်တွေ၊ ပီချကာရစ် (ရေပစ္စတို)တွေနဲ့ အခြားပွဲတော်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချတဲ့ ဆိုင်တွေကို လမ်းဘေးဝဲယာမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပွဲတော် အထိမ်းအမှတ်အဖြစ် စည်းစိမ်ဥစ္စာ၊ စိတ်အားထက်သန်မှုနဲ့ ခွန်းအာတို့ကို ကိုယ်စားပြုတဲ့ အနီရောင်မှုန့် (gulal) ကို အများဆုံး လိမ်းကျံကြပါတယ်။

ref; bbc

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။