Trending Now

ဖားကန့်တွင် ဆိုင်ကယ်မောင်နှင်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

ဖားကန့်တွင် ဆိုင်ကယ်မောင်နှင်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မြစ်ကြီးနား၊ မတ် ၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ (မတ် ၂)ရက်နေ့ ညနေ (၃)နာရီခန့်က ရှရော်ခ ကျေးရွာအနီးတွင် ဆိုင်ကယ်မောင်နှင်လာသည့် လင်မယားနှစ်ဦးမှ အမျိုးသားဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ လင်မယားနှစ်ဦးမှာ ဖားကန့်မြို့တွင်းမှ နေရပ်ဖြစ်ရာ သောင်းချိုကွက်သစ်သို့ အပြန် ရှရော်ခကျေးရွာအနီး လမ်းတစ်နေရာတွင် ဆိုင်ကယ်ကို ရပ်ခိုင်းကာ သေနတ်ဖြင့် (၂)ချက် ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီလင်မယားနှစ်ဦးက စျေးဝယ်ပြန်လာတယ် လမ်းမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး ဆိုင်ကယ်ကိုရပ်ခိုင်းတယ်၊ ဒလံလို့ စွပ်စွဲပြီး သေနတ်နဲ့ ပစ်သွားတယ်၊အဲ့ဒါပြီးတော့ ထွက်ပြေးသွားကြတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သေဆုံးသူ ရုပ်အလောင်းကို ဖားကန့်မြို့ ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် နိုင်ငံရေးအပြောင်းအလဲ နောက်ပိုင်းတွင် အလားတူဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း မရှီကထောင်ရပ်ကွက်နေ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် (၅)ချက် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။