Trending Now

ဟိုပင်မြို့တွင် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်တန်ဖိုး သိန်း ၆၀၀ကျော်ရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

ဟိုပင်မြို့တွင် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်တန်ဖိုး သိန်း ၆၀၀ကျော်ရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN

မြစ်ကြီးနား ၊ ဧပြီ ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ငွေကျပ်‌တန်ဖိုးသိန်း ၆၀၀ကျော်ရှိ ဘိန်းဖြူများကို ဟိုပင်-နန့်မွန်းသွားကားလမ်း၊ (၈)မိုင်တောင်ခြေအနီး ယမန်နေ့ ညနေ၅နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း ဟိုပင်နယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ဟိုပင်-နန့်မွန်းသွားကားလမ်း၊ (၈)မိုင်တောင်ခြေအနီးတွင် ဟိုပင်မြို့ဘက်မှ နန့်မွန်းမြို့ဘက်သို့ မဝင်းရွှေရည်မောင် စီးနင်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား သတင်းအရ ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့် ထားသည့် ဘိန်းဖြူအလေးချိန် ၁၆၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၆၀)အား တွေ့ရှိ သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ကိစ္စနှင့်ပက်သက်၍ မဝင်းရွှေရည်မောင်(၂၅)နှစ်အား ဟိုပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းလည်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။