Trending Now

မန္တလေးမြို့ ကျုံးဘေးတွင် သံဃာတော် အပါး တစ်သောင်းကျော်အား ဆွမ်းလောင်းလှူပွဲပြုလုပ်

Spread the love

မန္တလေးမြို့ ကျုံးဘေးတွင် သံဃာတော် အပါး တစ်သောင်းကျော်အား ဆွမ်းလောင်းလှူပွဲပြုလုပ်

EPN
မန္တလေး၊ မေ ၁၃

မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော် ၁၀၂၆၄ ပါးအား ဆွမ်း လောင်းလှူပွဲကို ကျုံး၏ လေးဘက်လေးတန်တွင် ယနေ့ နံနက် ၆နာရီခန့်က စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လေးပြင်ရပ်ရှိ သံဃာအပါး ၁၀၂၆၄ ပါး ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ကဆုန်လပြည့်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျုံး၏ လေးဘက်လေးတန်တွင် မဏ္ဍပ်လေးခုထားရှိပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ကာ သံဃာတော်များကို ဆွမ်း၊ဆွမ်းဟင်း လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စိုးလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။