Trending Now

လသာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ (၃၇) ခွဲအား အမျိုးသားတစ်ဦးက ဓားပြ၀င်တိုက်ပြီး၊ ငွေကျပ်သိန်း (၁၀၀) လုယက်သွား

Spread the love

လသာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ (၃၇) ခွဲအား အမျိုးသားတစ်ဦးက ဓားပြ၀င်တိုက်ပြီး၊ ငွေကျပ်သိန်း (၁၀၀) လုယက်သွား

EPN
နေပြည်တော်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၁) ရပ်ကွက်ရှိ၊ ဧရာဝတီဘဏ်ခွဲ (၃၇) တွင် ယနေ့ နံနက် ၉ နာရီခွဲ ကျော်အချိန်က အမျိုးသားတစ်ဦး ၀င်ရောက်ဓားပြတိုက်ခဲ့ပြီး ငွေကျပ်သိန်း ၁၀၀ အား လုယက်သွားကြောင်း သိရသည်။

လသာမြို့နယ်၊ (၁) ရပ်ကွက်၊ ကမ်းနားလမ်းနှင့် လမ်းမတော်လမ်းထောင့်၊ ဧရာဝတီဘဏ်ခွဲ (၃၇) အား ယနေ့ နံနက်ပိုင်းအချိန်က Mask တပ်ထားသည့် အမျိုးသား ၁ ဦးမှ ဘဏ်ခွဲအတွင်းသို့ ၀င်ရောက်လာပြီး၊ ဓားမြှောင် တစ်ချောင်းအားပြသ၍ ဘဏ်ကောင်တာရှိ ငွေကျပ်သိန်း (၁၀၀) ခန့်အား လုယက်ယူဆောင်ကာ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ဘဏ်အား ၀င်ရောက်လုယက်ချိန်တွင် ဘဏ်လုံခြုံရေးနှင့် ဘဏ်၀န်ထမ်းများရှိကြောင်းသိရပြီး၊ လက်ရှိတွင် တရားခံဖမ်းဆီးရမိနိုင်‌ရေးအတွက် လုံခြုံ‌ရေးတပ်ဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။