Trending Now

ဘန်းကောက်မြို့အလယ်ပိုင်းက ဈေးဝယ်စင်တာတစ်ခုမှာ အသက် ၁၄ နှစ်အရွယ် သေနတ်သမားပစ်ခတ်လို့ မြန်မာတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

Spread the love

ဘန်းကောက်မြို့အလယ်ပိုင်းက ဈေးဝယ်စင်တာတစ်ခုမှာ အသက် ၁၄ နှစ်အရွယ် သေနတ်သမားပစ်ခတ်လို့ မြန်မာတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၄

ထိုင်းနိုင်ငံ မြို့တော်အလယ်ပိုင်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ အောက်တိုဘာ ၃ ရက်နေ့ က ဆယ်ကျော်သက်အရွယ် သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသားတစ်ဦးပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ရဲ့ အကြီးဆုံးဈေးဝယ်စင်တာတွေထဲက တစ်ခုဖြစ်တဲ့ Siam Paragon Mall မှာ ပထမဆုံး သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကုန်တိုက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး နဲ့ တရုတ်နိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ပြီး သံသယရှိတဲ့ လူငယ်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ ဆယ်ကျော်သက်ဟာ စိတ်ရောဂါကုသမှုခံယူခဲ့ရတဲ့ အသက် ၁၄ နှစ်အရွယ်လူငယ်တဦးဖြစ်ပြီး သေနတ်ကို ဘယ်နေရာက ရယူခဲ့သလဲဆိုတာ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာက ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ လူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး “သေဆုံးခဲ့ရသူတွေနဲ့ ဒဏ်ရာရသူအားလုံးရဲ့ မိသားစုတွေကို ကိုယ်ကျင့်တရားဆိုင်ရာ ထောက်ပံ့မှုတွေ ပေးချင်ပါတယ်။” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ ရှားပါးပေမယ့် သေနတ်အကြမ်းဖက်မှုဟာ ထူးဆန်းတဲ့အရာတော့ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။