Trending Now

၁၂ ဘီး ကားနှင့် ဆိုင်ကယ်တိုက်မိ အမျိုးသားတစ်ဦး သေဆုံး၊ ကျန်တစ်ဦး အရေးပေါ် ဆေးရုံ ပို့ဆောင်ထားရ

Spread the love

၁၂ ဘီး ကားနှင့် ဆိုင်ကယ်တိုက်မိ အမျိုးသားတစ်ဦး သေဆုံး၊ ကျန်တစ်ဦး အရေးပေါ် ဆေးရုံ ပို့ဆောင်ထားရ

EPN
မြစ်ကြီးနား၊ မေ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ (၆) မူလွန်ကျောင်းအရှေ့တွင် မေလ ၂၅ ရက် ယနေ့ ညနေ ၅နာရီ ကျော် အချိန်ခန့်က ၁၂ ဘီးကားနှင့် အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ် တိုက်မိခဲ့ရာ ဆိုင်ကယ်စီးလာကြသည့် အမျိုးသားတစ်ဦး သေဆုံးသွားပြီး၊ ကျန်တစ်ဦးမှာလည်း အရေးပေါ် အခြေအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း ရပ်ကျေးတာဝန်ရှိသူထံမှ သိရသည်။

(၁၂) ဘီး ကားနှင့် အသက်နှစ်ဆယ်ကျော် အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ် တိုက်မိရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ကျန်တစ်ဦးအား မြစ်ကြီးနား ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးထားရကြောင်း ကြက်ပေါင်ခြံရပ်ကျေး တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ(၆) မူလွန်ကျောင်းရှေ့မှာ နွားသယ်တဲ့ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်တယ် အမျိုးသား နှစ်ဦးမှာ တစ်ဦးက သေသွားပြီး ကျန်တစ်ဦးကို လူမှုကူညီရေး အသင်း အကူအညီနဲ့ ပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ် “ဟု ၎င်းက ပြောသည်။
နွားသယ် ၁၂ ဘီး ကား ယာဉ်မောင်းအား လက်ရှိအချိန်တွင် ပျောက်ဆုံးနေပြီး ကားပိုင်ရှင် တစ်ဦးကိုသာ တွေ့ရှိရကြောင်း သိရပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲများ လာရောက်၍ ယာဉ်မောင်းအား ရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု မရှိ‌ခြင်းကြောင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားကာ အသက်သေဆုံးသည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။