Trending Now

နိုင်ငံရေးပါတီ (၂) ပါတီ ပါတီတည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်လျှောက်ထား၊ UEC ထံလျှောက်ထားသည့်ပါတီ (၄၀) ပါတီထိရှိလာ

Spread the love

နိုင်ငံရေးပါတီ (၂) ပါတီ ပါတီတည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်လျှောက်ထား၊ UEC ထံလျှောက်ထားသည့်ပါတီ (၄၀) ပါတီထိရှိလာ

EPN
နေပြည်တော်၊ မတ် ၂၄

ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတိုမှ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တိုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို ယမန်နေ့တွင် လာရောက် လျှောက်ထားခဲ့ကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို ပါတီဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တိုကို လာရောက် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၂၃ ရက်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၈ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၃၂ ပါတီဖြစ်၍ စုစုပေါင်း ၄၀ ပါတီ ဖြစ်ပြီး၊ ယင်း ၄၀ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၀ ပါတီနှင့် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၃၀ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။