Trending Now

စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်

Spread the love

စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်

 

EPN
တနိုင်း၊ ဇူလိုင် ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ဂုဏ်ပြုခြင်း အခမ်းအနားကို ဇူ လိုင်လ ၈ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ပေးကြသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများကို ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန် ထမ်းဦးဆောင်အဖွဲ့ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာ၊ ရင်ထိုးတံဆိပ်၊ Mask နှင့် လက်ဆေး ရည်များအပါအဝင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှလည်း အမျိုးသားများ အတွက်တစ်ကိုယ် ရေသုံးပစ္စည်း (၁၅)မျိုးတို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြ ကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဇော်ဝင်းက တရားဥပဒေစိုမိုးရေးအတွက် တနိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ (၂၀၁၉) ခုနှစ်နှင့် (၂၀၂၀)ပြည့်နှစ်များအတွင်း ဖြစ်ပွားတိုင်တန်းခဲ့သည့် ခိုးမှု(၇)မှုမှ ခိုးမှုကျိုး လွန်ခဲ့သူကို စွမ်းစွမ်းတမံကြိုးစား ဖော်ထုတ် ဖမ်းဆီးခဲ့ကြသည့် တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆင်မ်ဆာ့ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ကို ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။