Trending Now

ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန် တင်ပြထား

Spread the love

ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန် တင်ပြထား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံအတွင်း အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီဘဏ် (AYA) ကို အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများပိုင်ကုမ္ပဏီအဖြစ်သို ပြောင်းလဲရန်အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ ရက်စွဲပါ မြန်မာနိုင်ငံပြန်တမ်း၌ အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ပိုင်ဆိုင်သည့် ဧရာဝတီဘဏ် ကို အများပိုင်အဖြစ် ပြောင်းလဲရန်အတွက် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ တင်ပြထားပြီးဖြစ်၍ တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဧရာဝတီဘဏ် သည် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် တည်ထောင်ထားသော ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ရုံးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ် ၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့် အမှတ်-၄၁၆ တွင်တည်ရှိပြီး လက်ရှိတွင် ပြည်တွင်း၌ ဘဏ်ခွဲပေါင်း ၂၆၀ ကျော်ဖွင့်လှစ်ထားကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။