Trending Now

ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိ

Spread the love

ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိ

EPN
နိုင်ငံတကာ၊ဇူလိုင် ၈

ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း သမ္မတ ဂျာဘိုလ်ဆိုနာရိုက ဇူလိုင်လ ၇ ရက်တွင် ကြေညာခဲ့သည်။

ဘိုလ်ဆိုနာရိုမှာ ကိုယ်ပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်ကြောင့် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ခေါင်း ကိုက်ခြင်းတို့အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများကြောင့် ဘရာဇီး တပ်မတော်ဆေးရုံ၌ ဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေးမှုတစ်ရပ် ခံယူခဲ့သည်။

ဘိုလ်ဆိုနာရိုက ယခုသီတင်းပတ်အတွင်း ဘာဟီယာနှင့် မီနက်စ်ဂီရိုင်းပြည်နယ်များသို့ သွားရောက်မည့် စီစဉ်ထားသော ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Agencia Brasil အရ သိရသည်။
အသက် ၆၅ နှစ်အရွယ်ရှိခြင်းကြောင့် ဘိုလ်ဆိုနာရို၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ အန္တရာယ်ရှိသော အသက်အရွယ်အုပ်စုဟု ယူဆရသည်။

ဘိုလ်ဆိုနာရိုက စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်ရန် စည်းရုံးလှုံ့ဆော်ခဲ့သလို အများပြည် သူမြင်ကွင်းတွင် နှာခေါင်းစည်းမတပ်ဘဲ မကြာခဏဆိုသလို ပေါ်လာခဲ့ပြီး ခပ်ခွာခွာနေစည်းမျဉ်းကို လျစ်လျူရှုခဲ့ သည်။

အဖွဲ့ဝင် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်သို့ ခရီးစဉ်တစ်ခု သွား ရောက်ပြီးနောက် သို့မဟုတ် သူနှင့်တွေ့ဆုံခဲ့သူများ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိပြီးနောက် ဘိုလ်ဆိုနာရို သည် မတ်လအတွင်း ဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေးမှုသုံးကြိမ် ခံယူခဲ့သည်။

ပထမတစ်ကြိမ် ဘိုလ်ဆိုနာရိုက စစ်ဆေးမှုရလဒ်များကို လူသိရှင်ကြားထုတ်ပြန်ရန် ငြင်းဆန်ခဲ့ပြီး ဗိုင်း ရပ်စ်ပိုး မတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဘရာဇီး တရားရုံးချုပ်က စစ်ဆေးမှုရလဒ်များကို လူထုစိတ်ဝင်စား သောကြောင့် ထုတ်ပြန်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်။

ဘရာဇီးနိုင်ငံက အမေရိကန်နိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံး ကြုံတွေ့ခဲ့ရသည်။ ဘရာဇီးနိုင်ငံတွင် ဇူလိုင် ၆ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ ၁၆၂၃၂၈၄ ဦး နှင့် သေဆုံးသူ ၆၅၀၀၀ ကျော်လွန်သွားပြီဖြစ်သည်။

–ကိုးကား–
ဆင်ဟွာ
Ref; Brazilian President Jair Bolsonaro tests positive for COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။