Trending Now

ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေ ချိုးဖောက်တဲ့ ရိုမေးနီးယားဝန်ကြီးချုပ် ဒဏ်ကြေး ပေးဆောင်ရ

Spread the love

ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေ ချိုးဖောက်တဲ့ ရိုမေးနီးယားဝန်ကြီးချုပ် ဒဏ်ကြေး ပေးဆောင်ရ

EPN
နိုင်ငံတကာ၊ မေ ၃၁

နှာခေါင်းစည်း မဝတ်ဆင်ခြင်း၊ အလုံပိတ်ခန်းအတွင်း ဆေးလိပ်သောက်ခြင်း အစရှိသည့် ကိုယ်တိုင်သတ် မှတ်ထားသော ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ချိုးဖောက်မှုကြောင့် ရိုမေးနီးယားဝန်ကြီးချုပ် လူဒိုဗက်အော် ဘန်က မေလ ၃၀ ရက်တွင် ဒဏ်ကြေး ဒေါ်လာ ၆၉၀ ပေးဆောင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Agerpres က ဖော်ပြခဲ့သည်။

လူမှုမီဒီယာတွင် ပျံ့နှံ့သွားသည့် ဓာတ်ပုံတစ်ပုံတွင် ဝန်ကြီးချုပ် အော်ဘန်က သူ၏ရုံးခန်းအတွင်း စားပွဲ တစ်လုံး၌ အစိုးရအဖွဲ့ဝင်ဝန်ကြီးများစွာနှင့် အတူထိုင်နေကာ စီးကရက်တစ်လိပ် သောက်နေသည်။ ၄င်းတို့အား လုံး နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိဘဲ နှာခေါင်းစည်းများကို စားပွဲပေါ်တွင် ချထားသည်။

အော်ဘန်က ထုတ်ပြန်ချက်တစ်ခုအတွင်း စည်းမျဉ်းများချိုးဖောက်ကြောင်း ဝန်ခံခဲ့ပြီး သူ၏ ၅၇ နှစ်ပြည့် မွေးနေ့ဖြစ်သည့် မေလ ၂၅ ရက်တွင် ရက်ပေါင်းများစွာကြာ အလုပ်လုပ်ကိုင်ခဲ့သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ သူ၏ရုံးခန်းတွင် စုဝေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံသားအားလုံး စည်းမျဉ်းတွေကို လိုက်နာရမယ်ဆိုတာ ဝန်ကြီးချုပ်က သိပါ တယ်။ ဥပဒေကိုချိုး ဖောက်ရင် အရေးယူမှုပြုလုပ်ရမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်အား ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနက ပြော ကြားသည်။

မေလ ၁၅ ရက်က သက်တမ်းကုန်ခဲ့သည့် အရေးပေါ်အခြေအနေအတွင်း ရက် ၆၀ ကြာ တင်းကျပ်သော အသွားအလာကန့်သတ်ချက် သတ်မှတ်ပြီးနောက် ရိုမေးနီးယားအစိုးရက တစ်လကြာ အသင့်အနေအထားအခြေ အနေ ညွှန်ကြားခဲ့သည်။

ထိုသတ်မှတ်ချက်အရ နှာခေါင်းစည်းဝတ်ဆင်ခြင်းက အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် အများ ပြည်သူပိုင်နေရာများတွင် မဖြစ်မနေ ပြုလုပ်ရမည့်အရာ ဖြစ်လာခဲ့သည်။

အလုံပိတ်ခန်းများအတွင်း ဆေးလိပ်သောက်ခြင်းကို ရိုမေးနီးယားနိုင်ငံတွင် ၂၀၁၆ ခုနှစ်ကတည်းက ပိတ် ပင်ထားသည်။ အပြင်ထိုင်ခုံရှိသည့် စားသောက်ဆိုင်များကို ဇွန်လ ၁ ရက်မှစ၍ တင်းကျပ်သော ကန့်သတ်ချက် များဖြင့် ပြန်ဖွင့်တော့မည်ဖြစ်သည်။

ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၅၁ မှု တွေ့ရှိခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၁၉၁၃၃ အထိ ရှိလာခဲ့ပြီး သေဆုံးသူ ၁၂၅၃ ဦးရှိကြောင်း ရိုမေးနီးယားနိုင်ငံက ထုတ်ပြန်ခဲ့သည်။

–ကိုးကား–
ရိုက်တာ
Ref; Romania’s Orban breaches own coronavirus rules, pays fine


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။