Trending Now

ရုရှား-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ရုရှားအရှေ့ဖျားမှာ ကျင်းပဖို့ စီစဉ်နေ

Spread the love

ရုရှား-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ရုရှားအရှေ့ဖျားမှာ ကျင်းပဖို့ စီစဉ်နေ

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၈

ရုရှားနိုင်ငံ အရှေ့ဖျားမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံဖို့ အစီအစဉ်တွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အမေရိကန်အကြီးတန်းအရာရှိတွေနဲ့ တခြားသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး New York Times သတင်းစာက တနင်္လာနေ့မှာ မြောက်ကိုရီးယားခေါင်းဆောင်က အခုလနှောင်းပိုင်မှာ ဗလာဒီဗိုစတော့ မြို့ကိုသွားရောက်ပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ ဖော်ပြခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖွယ်ရှိတဲ့ နေရာတွေထဲမှာ ဗလာဒီဗိုစတော့ အလယ်ပိုင်းရဲ့ ကမ်းလွန်က ကျွန်းတစ်ကျွန်းပေါ်မှာရှိတဲ့ Far Eastern Federal တက္ကသိုလ် ပါဝင်ကြောင်း ရုရှားအစိုးရသတင်းအရင်းအမြစ်တွေက ဗုဒ္ဓဟူးနေ့မှာ NHK ကို ပြောကြားခဲ့ပါတယ်။

အဲဒီတက္ကသိုလ်မှာ အရှေ့ပိုင်းစီးပွားရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် အစည်းအဝေးကို တနင်္ဂနွေနေ့ကနေ ၄ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီနေရာမှာ လုံခြုံရေးတွေကို တင်းကျပ်ထားပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့အကြား မြောက်ကိုရီးယားကနေ ရုရှားကို လက်နက်ထောက်ပံ့မှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး အဲဒီထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားဘက်က အစီအစဉ်တွေ အပြောင်းအလဲလုပ်တတ်တဲ့ သမိုင်းကြောင်းရှိတဲ့အတွက် ညှိုနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေလိမ့်မယ်လို့ ရုရှားအစိုးရ သတင်းအရင်းအမြစ်တွေက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

source; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။