Trending Now

ဝိုင်းမော်မြို့နယ်၊ ဝူယန်ပြည်သူ့စစ်ဂိတ်အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်လာ၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

Spread the love

ဝိုင်းမော်မြို့နယ်၊ ဝူယန်ပြည်သူ့စစ်ဂိတ်အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်လာ၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

EPN
ဝိုင်းမော်၊ ဧပြီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ပြည်သူ့စစ် စခန်းအား ဧပြီ ၅ ရက်နေ့၊ ညနေ ၅နာရီခွဲ အချိန်ခန့်က KIA၊ PDF ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဝူယန်ကျေးရွာတွင် လုံခြုံရေးချထားသည့် ဝူယန်ပြည်သူ့စစ် စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လူအင်အား အများအပြားဖြင့် လာရောက်ပစ်ခတ်သဖြင့် အပြန်အလှစ် ပစ်ခတ်မှုကြောင့် နာရီဝက်နီးပါးကြာ တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဝူယန်ဂိတ်အနီးရှိ ပြည်သူများ ထံက သိရသည်။

” နင်လားငါလားတိုက်ကြတဲ့ တိုက်ပွဲတော့ မဟုတ်ပါဘူး။ အဝေးကနေ လှန်းပစ်လို့ ပြန်ပစ်ကြတဲ့ တိုက်ပွဲလို့ ပြောလို့ရတယ်။ ပစ်လိုက်၊ နားလိုက်နဲ့ ၅နာရီကျော်လောက်က စပစ်ကြတာ။ အသံကြားလိုက်၊ ရပ်လိုက် ပစ်နေတာ ဟုတ်တယ် ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့၍ ဝူယန်စစ်ဆေးရေးဂိတ်အား ယာယီပိတ်ထားခဲ့ပြီး၊ KIA၊ PDF ပူးပေါင်းအဖွဲ့ များရှိရာသို့ နယ်မြေခံ တပ်ရင်းမှ လက်နက်ကြီး ပစ်ကူပေး‌နေကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ ဝူယန်ပြည်သူ့စစ် စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ရန် အကြိမ်ကြိမ် လာရောက်ပစ်ခတ်မှုများ ရှိခဲ့၍ ဒေသခံပြည်သူများ ဘေးလွတ်ရာ စစ်ရှောင်စခန်းများတွင် သွားရောက်နေထိုင်သူများလည်း ရှိနေကြောင်း သိရသည်။

ရန်နိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။