Trending Now

ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဈေးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်နေ

Spread the love

ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဈေးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်နေ

EPN
ဗန်းမော်၊ မေ ၆

ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေးအတွက် မေလ ၅ ရက်နေ့၊ နံနက်ပိုင်း မှ စတင်ကာ ဈေးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်မင်းက ယခုကဲ့သို့ ဆိုသည်။

“ပြည်သူများနဲ့ ရဟန်းသံဃာများအနေနှင့် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုမရှိစေဖို့ လူသွားလူလာများတဲ့ ဈေးတွေ၊ နောက် ဘုန်းတော်ကြီးကျောင်းတွေမှာ ပိုးသတ်ဆေးဖြန်းပေးနေတာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောပြသည်။

ထိုသို့ ပိုးသတ်ဆေးဖြန်းရာတွင် ရွှေကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များသည် မေလ ၅ ရက်နေ့၊ နံနက်ပိုင်းက ရွှေကူမြို့အမှတ်၁ရပ်ကွက်ဈေး၊ ငါးဘတ်ကြီးကျေးရွာဈေးများသို့ သွားရောက်၍ ပိုးသတ်ဆေးဖျန်းပေးခဲ့သည်။ ထိုမှတဆင့် ငါးဘတ်ကြီး ကျေးရွာတောင်ပေါ်ကျောင်းနှင့် ဥတ္တရသီ ကျောင်းတိုက်များသို့ သွားရောက်ခဲ့ကြပြီး ကျောင်းထိုင်ဆရာတော်များအား ရေမလို လက်သန့်ဆေးရည် (Hand Gel) များ၊ နှာခေါင်းစည်း (mask)များကိုလှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီး ကျောင်းဝင်များအတွင်း ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။