Trending Now

ကခ်င္​ျပည္နယ္​၏ ဒုတိယအႀကိမ္​​ေက်ာက္​မ်က္​ရတနာျပပြဲ ျမစ္​ႀကီးနား၌ျပဳလုပ္​

Spread the love

ကခ်င္ျပည္နယ္၏ ဒုတိယအႀကိမ္​​ေက်ာက္မ်က္ရတနာျပပြဲ ျမစ္ႀကီးနား၌ျပဳလုပ္

EPN
ျမစ္ႀကီးနား၊ ေမ ၁၄

ကခ်င္ျပည္နယ္၏ ဒုတိယအႀကိမ္​​ေက်ာက္မ်က္ရတနာျပပြဲကို ျမစ္ႀကီးနားၿမိဳ႕ စက္မႈဇုန္ရပ္ကြက္ရိွ ေက်ာက္မ်က္ဝင္းအတြင္း၌ ငါးရက္တိုင္က်င္းပျပဳလုပ္သြားျဖစ္​​ေၾကာင္ကခ်င္ျပည္နယ္​​ေက်ာက္မ်က္လုပ္ငန္း႐ွင္မ်ားအသင္းမွ သိရသည္

အဆိုပါ ေက်ာက္မ်က္ရတနာျပပြဲကို ယေန႔နံနက္၈နာရီအခ်ိန္က ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္​​ေဒါက္တာခက္​​ေအာင္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အဆင့္တာဝန္ရိွသူမ်ား၊ ျမန္မာႏိုင္ငံေက်ာက္မ်က္ရတနာအသင္းခ်ဳပ္ဥကၠ႒ႏွင့္ တာဝန္ရိွပုဂၢိဳလ္မ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္​​ေပးခဲ့သည္

​​ေန႔ ေမလ ၁၄ ရက္​​ေန႔မွ ၁၈ ရက္​​ေန႔အထိ ငါးရက္တိုင္က်င္းပျပဳလုပ္မည့္ အဆိုပါေက်ာက္မ်က္ရတနာျပပြဲတြင္ေက်ာက္အစုေပါင္း ၄၀၀ေက်ာ္ျပသေရာင္းခ်သြားမည္ျဖစ္​​ေၾကာင္း သိရျပီး ေက်ာက္မ်က္ရတနာျပပြဲျပဳလုပ္ရျခင္းႏွင့္ပတ္သက္၍ ကခ်င္ျပည္နယ္​​ ေက်ာက္မ်က္လုပ္ငန္း႐ွင္အသင္း(ျမစ္ႀကီးနား) အသင္းဥကၠ႒ ဦးရစ္နန္​​ေဇလြမ္းက ေျပာသည္။

“အဓိကေတာ့ က်ေနာ္တုိ႔ဆီမွာ ေစ်းကြက္ရိွဖုိ႔လုိတယ္။ ေစ်းကြက္ရိွမွ တရားမဝင္ ေမွာင္ခုိလုုပ္ငန္းေတြ အလိုလိုေနရင္း ေပ်ာက္ကြယ္သြားမွာ ျဖစ္တယ္။ ဒီေက်ာက္မ်က္ေတြက က်ေနာ္တုိ႔ ျမန္မာႏုိင္ငံ ကခ်င္ျပည္နယ္က ထြက္ရိွတယ္။ ဒါေပမယ့္ ေစ်းကြက္ကေတာ့ ႏိုင္ငံျခားမွာျဖစ္ေနတယ္။ အဲဒါေၾကာင့္ က်ေနာ္တုိ႔အေနနဲ႔ ကုိယ့္ႏုိင္ငံမွာထြက္တဲ့ ေက်ာက္မ်က္ေတြကို ေစ်းကြက္ျဖစ္လာေစဖုိ႔ အတြက္ ျဖစ္တယ္။“ ဟု ျပပြဲက်င္းပရျခင္းႏွင့္ပတ္သက္၍ ေက်ာက္မ်က္အသင္း ဥကၠ႒ ဦးရစ္နန္ေဇလြမ္း က ေျပာသည္။

အဆိုပါေက်ာက္မ်က္ရတနာ ျပပြဲျဖစ္ေျမာက္ႏိုင္ေရးအတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလဆိုင္းက ဦးစီးေကာ္မတီဥကၠ႒ အျဖစ္လည္းေကာင္း၊ ကခ်င္ျပည္နယ္အတြင္းရိွ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားမွ ဥကၠ႒မ်ားႏွင့္ ဆပ္ ေကာ္မတီ ၁၇ ခုတို႔ျဖင့္ ပူးေပါင္း ဖြဲ႔စည္းထားေၾကာင္း ဦးေဇလြမ္းက ေျပာသည္။

ကခ်င္ျပည္နယ္၏ ပထမအႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ၂ဝ၁၈ခုႏွစ္ မတ္လ၌ က်င္းပခဲ့ျပီးေက်ာက္အစုေပါင္း၃၀၀ေက်ာ္ကိုျပသေရာင္းခ်ခဲ့ရာ ျမန္မာက်ပ္ေငြသန္း (၁၀၀၀)ေက်ာ္ ေရာင္းခ်နိုင္ခဲ့ေၾကာင္းသိရသည္။

လြမ္းေအာင္
————————————————————

ကချင်ပြည်နယ်၏ ဒုတိယအကြိမ်ကျောက်မျက်ရတနာပြပွဲ မြစ်ကြီးနား၌ပြုလုပ်

EPN
မြစ်ကြီးနား၊ မေ ၁၄

ကချင်ပြည်နယ်၏ ဒုတိယအကြိမ်ကျောက်မျက်ရတနာပြပွဲကို မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်ရှိ ကျောက်မျက်ဝင်းအတွင်း၌  ငါးရက်တိုင်ကျင်းပပြုလုပ်သွားဖြစ်ကြောင်း ကချင်ပြည်နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက် ၈နာရီအချိန်က ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ငါးရက်တိုင် ကျင်းပပြုလုပ်မည့် အဆိုပါကျောက်မျက်ရတနာပြပွဲတွင် ကျောက်အစုပေါင်း ၄၀၀ကျော် ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရပြီး ကျောက်မျက်ရတနာပြပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်း(မြစ်ကြီးနား) အသင်းဥက္ကဋ္ဌ ဦးရစ်နန်ဇေလွမ်းက ပြောသည်။

“အဓိကတော့ ကျနော်တို့ဆီမှာ ဈေးကွက်ရှိဖို့လိုတယ်။ ဈေးကွက်ရှိမှ တရားမဝင် မှောင်ခိုလုပ်ငန်းတွေ အလိုလိုနေရင်း ပျောက်ကွယ်သွားမှာ ဖြစ်တယ်။ ဒီကျောက်မျက်တွေက ကျနော်တို့ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ထွက်ရှိတယ်။ ဒါပေမယ့် ဈေးကွက်ကတော့ နိုင်ငံခြားမှာဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ကိုယ့်နိုင်ငံမှာထွက်တဲ့ ကျောက်မျက်တွေကို ဈေးကွက်ဖြစ်လာစေဖို့ အတွက် ဖြစ်တယ်။“ ဟု ပြပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောက်မျက်အသင်း ဥက္ကဋ္ဌ ဦးရစ်နန်ဇေလွမ်း က ပြောသည်။

အဆိုပါကျောက်မျက်ရတနာ ပြပွဲဖြစ်မြောက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ဦးစီးကော်မတီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်လုပ်ငန်းရှင်များမှ ဥက္ကဋ္ဌများနှင့် ဆပ် ကော်မတီ ၁၇ ခုတို့ဖြင့် ပူးပေါင်း ဖွဲ့စည်းထားကြောင်း ဦးဇေလွမ်းက ပြောသည်။

ကချင်ပြည်နယ်၏ ပထမအကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂ဝ၁၈ခုနှစ် မတ်လ၌ ကျင်းပခဲ့ပြီး ကျောက်အစုပေါင်း၃၀၀ကျော်ကိုပြသရောင်းချခဲ့ရာ မြန်မာကျပ်ငွေသန်း (၁၀၀၀)ကျော် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

လွမ်းအောင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။