Trending Now

မြောက်ကိုရီးယားရဲ့ ဒုတိယအကြိမ် ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်မှု ကျရှုံး၊ ထပ်မံကြိုးစားမယ်လို့ဆို

Spread the love

မြောက်ကိုရီးယားရဲ့ ဒုတိယအကြိမ် ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်မှု ကျရှုံး၊ ထပ်မံကြိုးစားမယ်လို့ဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၄

မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုလ်တုကို ပတ်လမ်းအတွင်းလွှတ်တင်နိုင်ဖို့ သြဂုတ်လ ၂၃ ရက်နေ့က ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့တဲ့အတွက် လာမယ့် အောက်တိုဘာလအတွင်းမှာ ထပ်မံကြိုးစားသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုလ်တုလွတ်တင်နိုင်ဖို့ ပထမဆုံး စမ်းသပ်မှုကို ပြီးခဲ့တဲ့ မေလအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Chollima-1 ဒုံးပျံသစ်ဟာ အောင်မြင်မှုမရရှိဘဲ ပင်လယ်ထဲကို ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

Malligyong-1 ဂြိုလ်တုကို ကြာသာပတေးနေ့ အစောပိုင်းက လွှတ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် တတိယအဆင့် ပျံသန်းစဉ် အရေးပေါ်ပေါက်ကွဲမှုစနစ် အမှားအယွင်းကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း KCNA က ပြောပါတယ်။

မြောက်ကိုရီးယားက ဂြိုလ်တုလွတ်တင်ဖို့အတွက် တားမြစ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုနေတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခဲ့တာလို့ ဂျပန်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။