Trending Now

ရှင်ဗွေယန် – နန်းယွန်းသွား လမ်းပိုင်းပျက်စီးမှု ပြုပြင်ရန် အချိန်ကြာမြင့်မည်ဖြစ်သည့်တွက် ဆန်ဈေးများ မြင့်တက်လာကာ ပြတ်လပ်မှုများ ကြုံတွေ့နေ

Spread the love

ရှင်ဗွေယန် – နန်းယွန်းသွား လမ်းပိုင်းပျက်စီးမှု ပြုပြင်ရန် အချိန်ကြာမြင့်မည်ဖြစ်သည့်တွက် ဆန်ဈေးများ မြင့်တက်လာကာ ပြတ်လပ်မှုများ ကြုံတွေ့နေ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၁

ရှင်ဗွေယန်- နန်းယွန်းသွား လမ်းပိုင်းပျက်စီးမှုကို ပြုပြင်ရန် အချိန်ကြာမြင့်မည်ဖြစ်သည့်တွက် နန်းယွန်းမြို့တွင် ဆန်ဈေးများ ထပ်မံမြင့်တက်လာကာ ဆန်ပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ပျက်စီးခဲ့သည့်လမ်းပိုင်းအား ပြုပြင်ခဲ့သော်လည်း ဇူလိုင် ၉ ရက်နေ့တွင် မိုးဆက်လက်ရွာ သွန်းနေသည့်အတွက် ပြန်လည်ပျက်စီးခဲ့ပြီး၊ ယခုပြန်လည်လုပ်ဆောင်ရန် တစ်လခန့် အချိန်ယူလုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၎င်း ပြင်ဆင်ချိန် အတောအတွင်း သွားလာမှု ပိတ်ထားရမည်ဖြစ်သည့်အတွက် နန်းယွန်းမြို့တွင် ဆန်များ ဈေးမြင့်တက်နေပြီး ဆန်ပြတ်တောက်မှုများလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ အခုဒီမှာက ဆန်ဈေးတစ်အိတ်ကို ၁၄၀၀၀၀ ကျပ် ဖြစ်သွားပြီ။ ဒါတောင် အခု မရှိတော့ဘူးပြောတယ်။ လမ်းပြင် တာ အချိန်ကြာမယ်ဆိုတော့ ဒေသခံတွေက ဆန်တွေဝယ်ယူထားကြတာပေါ့။ တစ်ချို့တွေတော့ မဝယ်လိုက်ရတဲ့သူတွေလည်းရှိတယ်။ ဝယ်စရာလည်း ဆန်ကမရှိတော့ဘူးလို့ ဆန်ရောင်းတဲ့ဆိုင်တွေကပြောတယ် ” ဟု ၎င်းကဆိုသည်။

နန်းယွန်းမြို့တွင် ငွေတိုးဆန်တစ်အိတ်လျင် ၁၄၀၀၀၀ ကျပ်ထိ ဈေးမြင့်တက်ပြီး၊ လက်ရှိတွင် ဝယ်ယူရန်ဆန်များ မရှိတော့သည့်အတွက် လမ်းပိုင်းပြုပြင်မှုကို အမြန်ဆုံးဆောင်ရွက်စေလိုကြောင်းနှင့် အချိန်ကြာမြင့်လာလျင် ပြည်သူများ ဒုက္ခပိုရောက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။