Trending Now

ပါကစ္စတန်တွင် မိုးရွာသွန်းမှုနှင့် ဆက်စပ်ဖြစ်စဉ်များကြောင့် ၂၄ နာရီအတွင်း ၂၈ ဦးသေဆုံးကာ ၄၈ ဦးဒဏ်ရာရရှိ

Spread the love

ပါကစ္စတန်တွင် မိုးရွာသွန်းမှုနှင့် ဆက်စပ်ဖြစ်စဉ်များကြောင့် ၂၄ နာရီအတွင်း ၂၈ ဦးသေဆုံးကာ ၄၈ ဦးဒဏ်ရာရရှိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

ကစ္စတန်နိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုများနှင့် အခြားမိုးနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ဆိုသည်။

NDMA ၏ ယမန်နေ့ ညနှောင်းပိုင်း ထုတ်ပြန်သည့် အစီရင်ခံစာအရ နိုင်ငံတဝှမ်း မိုးရွာသွန်းမှုနှင့် ဆက်နွှယ်သည့် ယာဉ်မတော်တဆမှုများကြောင့် အနည်းဆုံး ကလေး ၁၁ ဦးနှင့် အမျိုးသမီး သုံးဦး အပါအဝင် လူပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နိုင်ငံ၏အနောက်မြောက်ပိုင်း ခိုင်ဘာ့ပတ်တန်ဂွာ ပြည်နယ်သည် အဆိုးရွားဆုံးဖြစ်ပွားခဲ့သည့်ဒေသဖြစ်ပြီး ၁၆ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ပါကစ္စတန်သည် ဇွန်လလယ်ကတည်းက ယခုရာသီမုတ်သုံမိုးရွာသွန်းမှုကြောင့် သေဆုံးသူစုစုပေါင်း ၁၀၆၁ ဦးအထိ မြင့်တက်လာခဲ့ပြီး ၁၅၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း NDMA မှ ပြောကြားခဲ့သည်။

ထို့အပြင် အိမ်ခြေ ၉၉၂,၈၇၁ လုံး၊ တံတား ၁၇၀ နှင့် ဆိုင်ခန်း ၁၅၇ ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

NDMA နှင့် အခြားသော အစိုးရအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source – xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။