Trending Now

တရုတ်နဲ့ အိန္ဒိယ နယ်စပ်ဒေသငြိမ်းချမ်းရေးကို ဆက်လက်ထိမ်းသိမ်းဖို့ သဘောတူညီခဲ့ကြ

Spread the love

တရုတ်နဲ့ အိန္ဒိယ နယ်စပ်ဒေသငြိမ်းချမ်းရေးကို ဆက်လက်ထိမ်းသိမ်းဖို့ သဘောတူညီခဲ့ကြ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃

တရုတ်နဲ့ အိန္ဒိယ ၁၇ ကြိမ်မြောက် တပ်မမှူးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံဘက်ခြမ်းမှာ ရှိတဲ့ ချူဆိုမိုဒို နယ်ခြားစောင့် တပ်စခန်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်ပပြုလုပ်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအစည်းအဝေးအတွင်း တရုတ်နဲ့ အန္ဒိယ နယ်စပ်ရေးရာကဏ္ဍမှာ လုံခြုံရေး နဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ထိမ်းသိမ်းထားဖို့ နှစ်ဖက် တာဝန်ရှိသူတွေက သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်ဘက်စလုံးက နီးနီးကပ်ကပ် အဆက်အသွယ်ရှိနေဖို့၊ စစ်ရေး၊ သံတမန်လမ်းကြောင်းတွေကနေတဆင့် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ထားရှိဖို့နဲ့ ကျန်ရှိနေတဲ့ ပြဿနာတွေကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်တဲ့ ဖြေရှင်းမှုတွေ အစောဆုံး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

၁၇ ကြိမ်မြောက် တပ်မမှူးအဆင့် အစည်းအဝေးဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တရုတ်-အိန္ဒိယ နယ်စပ်တိုက်ပွဲအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့မှာ တရုတ်တပ်ဖွဲ့ဝင်တွေက နယ်စပ်စည်းမျည်းကို ချိုးဖောက်ဖို့ ကြိုးစားခဲ့လို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်တပ်သားတွေ ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ဘူးလို့ အိန္ဒိယက ပြောပါတယ်။

ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ နယ်မြေခံတပ်မှူးတွေဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က အလံတင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး သတ်မှတ်ထားတဲ့ စည်းမျှဉ်းစည်းကမ်းများနဲ့ အညီ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဒီလိုလုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ အိန္ဒိယကို တောင်ဆိုခဲ့ပြီး သံတမန်လမ်းကြောင်းကတဆင့် ပြေလည်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

— ကိုးကား —
ndtv
Ref; India, China Agree To Maintain Security, Stability On LAC In Western Sector

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။